မျက်တောင်မွှေးလေးတွေ ရှည်စေဖို့ ဈေးကြီးတဲ့ Treatment တွေ ဓါတုပစ္စည်းတွေမပါဘဲ သဘာ၀ နည်းလမ်းလေးတွေနဲ့ ပြုလုပ်နိုင်မဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ မျက်ခွံနဲ့ မျက်ခမ်းကို ညင်သာစွာ နှိပ်နယ်ပေးမယ်

မျက်နှာပေါ်မှာ သွေးလည်ပတ်မှု အားကောင်ဖို့နဲ့ မျက်တောင်မွှေးပေါက်တဲ့ Follicles တွေမှာ အဟာရရစေဖို့ မျက်တောင်မွှေးပေါက်တဲ့မျက်ခွံနဲ့ မျက်ခမ်းနားကို ညင်သာစွာ နှိပ်နှယ်ပေးရမှာဖြစ်ပါတယ်။

၂။ ဆေးဖက်ဝင် ကြက်ဆူဆီ (Castor Oil)

ဆေးဖက်ဝင်ကြက်ဆူဆီဟာ ရောင်ရမ်းမှုကို သက်သောစေတဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ဒါ့အပြင် ဆံနွယ်တွေ နဲ့ မျက်တောင်မွှေးတွေအတွက်လည်း အံ့အားသင့်လောက်အောင် အကျိုးကျေးဇူးတွေ ရှိပါတယ်။

နားကလော်တံကို ယူပြီး ကြက်ဆူဆီထဲကို နှစ်ပေးကာ မျက်တောင်မွှေးကို အဖျားမှ အရင်းထိ လိမ်းပေးပါ။ တစ်ပတ်ကို အကြိမ်အရေအတွက် များများ ပြုလုပ်ပေးနိုင်ပါတယ်။

၃။ ဗီတာမင် E

ဗီတာမင် E ဆေးတောင့်တွေစားသုံးပေးရမှာဖြစ်သလို ဆေးတောင့်ကိုဖွင့်ပြီး အဆီကို မျက်တောင်မွှေးအရင်းကနေ အဖျားထိလိမ်းပေးပါ။ မျက်လုံးကို ဗီတာမင် E အဆီ မဝင်ဖို့ သတိထားရပါမယ်။ တကယ်လို့ မျက်လုံးထဲ ဝင်သွားခဲ့ရင် မျက်လုံးကို မြန်မြန် ဆေးကြောပေးပါ။

၄။ ရှားစောင်းလက်ပက်

အိပ်ယာမဝင်ခင်မှာ ရှားစောင်းလက်ပက် အနှစ်နဲ့ မျက်တောင်မှာလိမ်းထားတဲ့Mascara ကိုဖယ်ရှားပေးရပါမယ်။ ဒါ့အပြင် ရှားစောင်းလက်ပက်ကို ဖျော်ရည်လုပ်ပြီးတော့ လည်း သောက်သုံးနိုင်ပါတယ်။

၅။ လက်ဖက်စိမ်း (Green Tea)

ကဖင်းဓါတ်နဲ့ Flavonoid ဓါတ်တွေကို လက်ဖက်စိမ်းတွေမှာ တွေ့ရလေ့ရှိပြီး အမွှေးအမျှင်တွေ ရှည်လျားဖို့အတွက် လှုံ့ဆော်ပေးနိုင်ပါတယ်။ တကယ်လို့ လက်ဖက်စမ်းကို သောက်ရတာမကြိုက်ဘူးဆိုရင်လည်း ရေနွေးထဲမှာ လက်ဖက်စိမ်းထုတ်ကို နှစ်လိုက်ပါ။ အဲဒီနောက် အေးအောင်ထားပြီး မျက်လုံးပေါ်မှာ တင်ပေးထားပါ။