အားလုံးပဲမင်္ဂလာပါနော်။ နှုတ်ခမ်းသားလေးတွေဟာ လူတစ်ယောက်မှာဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အလှအပအတွက် နေ့စဉ်အသုံးပြုနေတဲ့ နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ပျက်ဆီးပြီး ညိုမဲသွားတတ်မျိုး ဆေးလိပ်သောက်လွန်းလို့ နှုတ်ခမ်းတွေ ညိုမဲနေတာမျိုးတွေက သင့်ရဲ့ဆွဲဆောင်မှုကို လျော့နည်းသွားစေတယ်ဆိုတာ သိကြမှာပါနော်။ ဒါတွေကို ဘယ်လိုဖြေရှင်းလို့ရမလဲ။ ဒါကြောင့် နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲနေတာမျိုးမရှိပဲ့ နူးညံ့စိုပြေပြီး နှုတ်ခမ်းနီဆိုးတဲ့အခါလည်း ပိုပြီးဆွဲဆောင်မှုရှိရှိ လှပနေစေဖို့ ဒီအချက်လေးတွေကို လိုက်နာပေးလိုက်ပါနော်။

၁။ ဆိုးထားတဲ့နှုတ်ခမ်းနီတွေကို ဖျက်ဖို့မမေ့ပါနဲ့

နေ့စဉ်အသုံးပြုနေတဲ့ နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ပျက်ဆီးပြီး ညိုမဲနေတတ်ပါတယ်။ ဒါကြောင့် တစ်နေကုန်သင်ဆိုးထားတဲ့ နှုတ်ခမ်းနီကို သေချာဖျက်ပေးဖို့ လိုပါတယ်နော်။ နှုတ်ခမ်းအဆီတစ်ခုခုလိမ်းပြီး ဖျက်ပေးလိုက်လို့ရပါတယ်။

၂။ နှုတ်ခမ်းကို သန့်စင်ပေးပါ

ပြီးရင်တော့ နှုတ်ခမ်းသားကို သေချာဆေးချပေးဖို့အတွက် သွားတိုက်တံကို ရေဆွတ်ပေးပြီး နှုတ်ခမ်းကို သေချာလေး ပွတ်ပေးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းသားကို ခြောက်အောင်သုတ်ပေးလိုက်ပါ။

၃။ Scrub လုပ်ပေးပါ

နှုတ်ခမ်းသားမှာရှိနေတဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေ သန့်စင်သွားဖို့ Scrub လုပ်ပေးနိုင်ပါတယ်။ သကြားနဲ့ အုန်းဆီရောပြီးတော့လည်း နှုတ်ခမ်းသားကို သေချာလေး ပွတ်ပေးလိုက်လို့ရပါတယ်။ ပြီးရင်တော့ ၅ မိနစ်လောက်ထားပြီး တဘက်ကို ရေဆွတ်ပြီးသေချာပြန်သုတ်ပေးလိုက်ပါ။

၄။ Lip Balm လိမ်းပေးမယ်

ပြီးရင်တော့ နှုတ်ခမ်းသားကိုရေဓာတ်ဖြည့်တင်းပေးနိုင်ဖို့ နှုတ်ခမ်းနီအဆီလိမ်းပေးနိုင်ပါတယ်။ Lip Balm ကိုသုံးပြီး နှုတ်ခမ်းသားကိုသေချာလိမ်းပေးလို့ရပါတယ်။ ပြီးရင်တော့ တစ်ညလုံးဒီအတိုင်းထားလိုက်ပါ။

ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ မနက်မိုးလင်းတဲ့အခါ နူးညံ့စိုပြေပြီး လှပတဲ့နှုတ်ခမ်းသားတစ်စုံကို ရရှိပိုင်ဆိုင်စေမှာပဲ့ ဖြစ်ပါတယ်နော်။