[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ နှုတ်ခမ်းသားလေးတွေဟာ လူတစ်ယောက်မှာဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှုတ်ခမ်းသားလေးတွေ နူးညံ့ပြီး စိုပြေနေရင် နှုတ်ခမ်းနီဆိုးရတာလည်း အဆင်ပြေသလို ပြုံးလိုက်တိုင်း၊ စကားပြောလိုက်တိုင်း၊ ချစ်သူနဲ့ အကြင်နာပေးတိုင်း အမြဲတမ်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။

နှုတ်ခမ်းသား နူးညံ့စိုပြေမှုမရှိဘဲ ခြောက်သွေ့အက်ကွဲနေမယ်ဆိုရင်တော့ နှုတ်ခမ်းနီဆိုးတဲ့အခါလည်း အဆင်ပြေမှာမဟုတ်သလို သင်ရဲ့ ဆွဲဆောင်မှုတွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။

ဆိုတော့ နူးညံ့စိုပြေတဲ့နှုတ်ခမ်းသားတစုံကို ရရှိပိုင်ဆိုင်ဖို့ ဘယ်လိုအချက်လေးတွေ လိုက်လုပ်ပေးဖို့လိုမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆိုးထားတဲ့နှုတ်ခမ်းနီတွေကိုဖျက်လိုက်ပါ

တစ်နေကုန်သင်ဆိုးထားတဲ့ နှုတ်ခမ်းနီကို သေချာဖျက်ပေးလိုက်ပါ။ နှုတ်ခမ်းအဆီတစ်ခုခုလိမ်းပြီး ဖျက်ပေးလိုက်လို့ရပါတယ်။

၂။ နှုတ်ခမ်းကိုရေဆေးလိုက်ပါ

ပြီးရင်တော့ နှုတ်ခမ်းသားကို သေချာဆေးချပေးဖို့အတွက် သွားတိုက်တံကို ရေစွတ်ပေးပြီး နှုတ်ခမ်းကို သေချာလေး ပွတ်ပေးလိုက်ပါ။ ပြီးရင်တော့ နှုတ်ခမ်းသားကို ခြောက်အောင်သုတ်ပေးလိုက်ပါ။

၃။ Scrub လုပ်ပါမယ်

နှုတ်ခမ်းသားမှာရှိနေတဲ့ ဆဲလ်သေတွေ၊ အညစ်အကြေးတွေ သန့်စင်သွားဖို့ Scrub လုပ်ပေးနိုင်ပါတယ်။ သကြားနဲ့ အုန်းဆီရောပြီးတော့လည်း နှုတ်ခမ်းသားကို သေချာလေး ပွတ်ပေးလိုက်လို့ရပါတယ်။ ပြီးရင်တော့ ၅ မိနစ်လောက်ထားပြီး တဘက်ကို ရေစွတ်ပြီးသေချာပြန်သုတ်ပေးလိုက်ပါ။

၄။ Lip Balm လိမ်းပေးမယ်

ပြီးရင်တော့ နှုတ်ခမ်းသားကိုရေဓာတ်ဖြည့်တင်းပေးနိုင်ဖို့ နှုတ်ခမ်းနီအဆီလိမ်းပေးနိုင်ပါတယ်။ Lip Balm ကိုသုံးပြီး နှုတ်ခမ်းသားကိုသေချာလိမ်းပေးလို့ရပါတယ်။ ပြီးရင်တော့ တစ်ညလုံးဒီအတိုင်းထားလိုက်ပါ။

ဒီလိုလုပ်ပေးရင်တော့ မနက်မိုးလင်းတဲ့အခါ နူးညံ့စိုပြေတဲ့ နှုတ်ခမ်းသားတစုံကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်နော်။

By: MyStyle Myanmar

[Zawgyi]

အားလံုးပဲမဂၤလာပါေနာ္။ ႏႈတ္ခမ္းသားေလးေတြဟာ လူတစ္ေယာက္မွာဆြဲေဆာင္မႈအရွိဆံုး အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ႏႈတ္ခမ္းသားေလးေတြ ႏူးညံ့ၿပီး စိုေျပေနရင္ ႏႈတ္ခမ္းနီဆိုးရတာလည္း အဆင္ေျပသလို ၿပံဳးလိုက္တိုင္း၊ စကားေျပာလိုက္တိုင္း၊ ခ်စ္သူနဲ႔ အၾကင္နာေပးတိုင္း အၿမဲတမ္း ယံုၾကည္မႈအျပည့္ရွိေနေစမွာပါ။

ႏႈတ္ခမ္းသား ႏူးညံ့စိုေျပမႈမရွိဘဲ ေျခာက္ေသြ႕အက္ကြဲေနမယ္ဆိုရင္ေတာ့ ႏႈတ္ခမ္းနီဆိုးတဲ့အခါလည္း အဆင္ေျပမွာမဟုတ္သလို သင္ရဲ႕ ဆြဲေဆာင္မႈေတြလည္း ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္။

ဆိုေတာ့ ႏူးညံ့စိုေျပတဲ့ႏႈတ္ခမ္းသားတစံုကို ရရွိပိုင္ဆိုင္ဖို႔ ဘယ္လိုအခ်က္ေလးေတြ လုိက္လုပ္ေပးဖို႔လိုမလဲဆိုတာ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ ဆိုးထားတဲ့ႏႈတ္ခမ္းနီေတြကိုဖ်က္လိုက္ပါ

တစ္ေနကုန္သင္ဆိုးထားတဲ့ ႏႈတ္ခမ္းနီကို ေသခ်ာဖ်က္ေပးလိုက္ပါ။ ႏႈတ္ခမ္းအဆီတစ္ခုခုလိမ္းၿပီး ဖ်က္ေပးလိုက္လို႔ရပါတယ္။

၂။ ႏႈတ္ခမ္းကိုေရေဆးလိုက္ပါ

ၿပီးရင္ေတာ့ ႏႈတ္ခမ္းသားကို ေသခ်ာေဆးခ်ေပးဖို႔အတြက္ သြားတိုက္တံကို ေရစြတ္ေပးၿပီး ႏႈတ္ခမ္းကို ေသခ်ာေလး ပြတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ႏႈတ္ခမ္းသားကို ေျခာက္ေအာင္သုတ္ေပးလိုက္ပါ။

၃။ Scrub လုပ္ပါမယ္

ႏႈတ္ခမ္းသားမွာရွိေနတဲ့ ဆဲလ္ေသေတြ၊ အညစ္အေၾကးေတြ သန္႔စင္သြားဖို႔ Scrub လုပ္ေပးႏိုင္ပါတယ္။ သၾကားနဲ႔ အုန္းဆီေရာၿပီးေတာ့လည္း ႏႈတ္ခမ္းသားကို ေသခ်ာေလး ပြတ္ေပးလိုက္လို႔ရပါတယ္။ ၿပီးရင္ေတာ့ ၅ မိနစ္ေလာက္ထားၿပီး တဘက္ကို ေရစြတ္ၿပီးေသခ်ာျပန္သုတ္ေပးလုိက္ပါ။

၄။ Lip Balm လိမ္းေပးမယ္

ၿပီးရင္ေတာ့ ႏႈတ္ခမ္းသားကိုေရဓာတ္ျဖည့္တင္းေပးႏိုင္ဖို႔ ႏႈတ္ခမ္းနီအဆီလိမ္းေပးႏိုင္ပါတယ္။ Lip Balm ကိုသံုးၿပီး ႏႈတ္ခမ္းသားကိုေသခ်ာလိမ္းေပးလို႔ရပါတယ္။ ၿပီးရင္ေတာ့ တစ္ညလံုးဒီအတိုင္းထားလိုက္ပါ။

ဒီလိုလုပ္ေပးရင္ေတာ့ မနက္မိုးလင္းတဲ့အခါ ႏူးညံ့စိုေျပတဲ့ ႏႈတ္ခမ္းသားတစံုကို ရရွိပိုင္ဆိုင္ေစမွာျဖစ္ပါတယ္ေနာ္။

By: MyStyle Myanmar