လက်သည်းနီဆိုးတာများရင်၊ လက်သည်းကို ဂရုမစိုက်ရင် လက်သည်းဝါညစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်သည်းဝါညစ်နေတာ သက်သာပြီး လက်သည်းပြန်ဖြူလာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

လက်သည်း Cleansing လုပ်ပါ

လက်သည်းကို တစ်လတစ်ခါ ဆိုင်မှာ Cleansing လုပ်ပေးပါ။ ဆိုင်မှာမလုပ်ဖြစ်ရင်တောင်မှ အိမ်မှာလုပ်ပေးပါ။ လက်သည်း Cleansing လုပ်ပေးတာက လက်သည်းကျန်းမာရေးအတွက်လည်း ကောင်းသလို လက်သည်းဝါညစ်တာတွေလည်း သက်သာပြီး လက်သည်းပြန်ဖြူလာစေပါတယ်။

သံပယိုသီးနဲ့ပွတ်ပါ

ဒီနည်းလမ်းကိုတော့ အားလုံးသိကြမှာပါ။ လက်သည်းကို နေ့တိုင်း သံပယိုသီးနဲ့ပွတ်ပေးရင် လက်သည်းဝါညစ်တာတွေ သက်သာပြီး လက်သည်းဖြူလာစေတယ်၊ လက်သည်းမာလာစေပါတယ်။

Whitening သွားတိုက်ဆေးနဲ့တိုက်ပါ

နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ Whitening သွားတိုက်ဆေးနဲ့ တိုက်တာပါပဲ။ လက်သည်းကို ရိုးရိုးသွားတိုက်ဆေးမဟုတ်ပဲ Whitening သွားတိုက်ဆေးနဲ့ သွားပွတ်တံနဲ့တိုက်ပေးရင်လည်း လက်သည်းဝါညစ်တာတွေ သက်သာပြီး ဖြေးဖြေးချင်းစီ လက်သည်းဖြူလာစေပါတယ်။

လက်သည်းနီမဆိုးပဲခဏနေပါ

လက်သည်းကဝါညစ်နေတယ်ဆိုရင် တစ်လလောက် လက်သည်းနီမဆိုးပဲနေပေးပါ။ လက်သည်းနီမဆိုးပဲ လက်သည်းကို Cleansing လုပ်၊ အပေါ်မှာပြောထားတဲ့ နည်းလမ်းတွေလုပ်ပေးရင် လက်သည်းဝါညစ်နေတာတွေက သိသိသာသာကို သက်သာသွားမှာပါ။

Vitamin လိမ်းပေးပါ

လက်သည်းကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်အောင်၊ လက်သည်းပျက်စီးနေတာတွေလည်း သက်သာအောင် လက်သည်းအားဖြည့်ဆီ Vitamin ကို ညတိုင်းလိမ်းပေးပါ။