မျက်နှာပေါ်က အမာရွတ်တွေပျောက်စေမယ့် နည်းလမ်းလေးတွေကို အတော်များများ သိချင်ကြမယ်ထင်ပါတယ်။ ဈေးကြီးပေးရတဲ့ ထုတ်ကုန်ပစ္စည်းတွေသုံးမှ မဟုတ်ပဲ ကုန်ကျစရိတ်သက်သာစွာနဲ့ အိမ်တွင်းပစ္စည်းလေးတွေအသုံးပြုပြီး အမာရွတ်တွေပျောက်အောင်လုပ်နိုင်မယ်ဆိုရင်စိတ်ဝင်စားလား။  အခုပြောမယ့် အိမ်တွင်းနည်းလမ်းလေးတွေက မျက်နှာပေါ်က အမာရွတ်တွေကို အထိုက်အလျောက်သက်သာစေဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(၁) ရှားစောင်းလက်ပတ်

Aloe vera slices

Photo: Freepik

ရှားစောင်လက်ပတ်ကအတွင်းသားလေးတွေက အမာရွတ်ပျောက်ဖို့အတွက် အကူအညီပေးနိုင်ပါတယ်။ အထဲက Gel လေးတွေ ထုတ်ပြီး အမာရွတ်ပေါ်ကို စက်ဝိုင်းပုံစံ ပွတ်ပေးရမှာပါ။ နာရီဝက်လောက် ထားပြီးရင် ရေအေးအေးနဲ့ ဆေးပေးပါ။ ဒါကို တစ်ရက် ၂ ကြိမ် လုပ်နိုင်ပါတယ်။

(၂) ဗိုက်တာမင်အီး

Vitamin e in fat-soluble capsules

Photo: Freepik

ဗိုက်တာမင်အီး ဆေးတောင့်လေးတွေနဲ့လည်း အမာရွတ်သက်သာအောင် ကုလို့ရပါတယ်။ ဗိုက်တာမင်အီး ဆေးတောင့်ထဲက အဆီကို အမာရွတ်နဲ့ တစ်ဝိုက်မှာ လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်ပေးရမှာပါ။ မိနစ် ၂၀ လောက် ဒီအတိုင်း ထားပြီးရင် ရေခပ်နွေးနွေးနဲ့ ဆေးချပေးရမှာပါ။ ဒီနည်းနဲ့ အနည်းဆုံး တစ်နေ့ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။

(၃) အုန်းဆီ

Jug of coconut oil whit coconut

Photo: Freepik

အုန်းဆီကို လက်ဖက်စားဇွန်းအနည်ငယ်ခန့်ယူပြီးခပ်နွေးနွေးလေး ဖြစ်အောင် အပူပေးပါ။ ပြီးတာနဲ့ အမာရွက်ပေါ်မှာ လိမ်းပြီး ၁၀ မိနစ်ခန့် ပွတ်သပ်နှိပ်နယ်ပေးပါ။ အသားထဲ စိမ့်သွားအောင် အနည်းဆုံး ၁ နာရီခန့် ထားပေးပါ။ သူကလည်း တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။

(၄) အာလူး

 sliced or whole potatoes and chili pepper

Photo: Freepik

အာလူးကို အနေတော်အထူနဲ့ အခြမ်းလေးတွေ လှီးဖြတ်ပြီး အမာရွတ်ပေါ် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ခြောက်သွားရင် နောက်ထပ် အာလူးခြမ်းသစ်တစ်ခုနဲ့ ထပ်ပြီး ပွတ်တိုက်ပေးပါ။ ပြီးတာနဲ့ မိနစ် ၂၀ ခန့်ကြာအောင် အမာရွတ်ပေါ် အာလူးပြားအုပ်ထားပါ။ ပြီးတာနဲ့ ၁၀ မိနစ်ခန့် လေသလပ်ခံပြီးရင် ရေအေးအေးနဲ့ ဆေးချပေးဖို့ လိုပါတယ်။