နှုတ်ခမ်းခြောက်တာကို သက်သာအောင်မလုပ်ရင် အဖတ်တွေလန်တော့ ခွာမိပြီး သွေးထွက်တာ၊ သွေးထွက်တော့ ပိုးဝင်ပြီး ပိုဆိုးလာတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် နှုတ်ခမ်း အမြဲခြောက်တတ်တဲ့သူတွေအတွက် နှုတ်ခမ်းခြောက်တာ သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Matte Lipstick တွေမဆိုးပါနဲ့

Matte lipstick တွေဆိုးရင် နှုတ်ခမ်းခြောက်တာက ပိုဆိုးလာစေပါတယ်။ ဒါကြောင့် နှုတ်ခမ်းခြောက်တတ်ရင် matte lipstick လုံးဝမဆိုးပါနဲ့။ ဆိုးထားတုန်းမှာလည်း နှုတ်ခမ်းက အဖတ်လိုက်တွေ ဖြစ်နေပြီး ကြည့်ရဆိုးစေပါတယ်။

Lip Balm, Lip Mask သုံးပါ

နှုတ်ခမ်းခြောက်တတ်ရင် lip balm, lip mask မဖြစ်မနေ ဆောင်ထားပြီးသုံးပါ။ မနက်အိပ်ယာနိုးလို့ skincare လိမ်းပြီးတိုင်းမှာ lip balm ဆိုးပါ။ ညအိပ်ယာဝင်ခါနီးတိုင်းမှာလည်း lip balm or lip mask သုံးပြီးမှအိပ်ပါ။ နှုတ်ခမ်းခြောက်တာ သိသိသာသာကို သက်သာလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ နှုတ်ခမ်းနီဆိုးမယ်ဆိုရင်တောင်မှ lip balm ခံဆိုးပါ။

Lip Scrub လုပ်ဖို့မမေ့ပါနဲ့

Lip scrub လုပ်ပေးခြင်းက နှုတ်ခမ်းမှာရှိတဲ့ dead cells တွေကို ဖယ်ရှားပေးလို့ နှုတ်ခမ်းခြောက်တာ သက်သာစေတယ်၊ နှုတ်ခမ်းသား ချောမွေ့လာစေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ကြိမ် (သို့) နှစ်ကြိမ် lip scrub လုပ်ပေးပါ။ Lip scrub လုပ်ပြီးတိုင်းမှာလည်း lip balm or lip mask ဆိုးပေးပါ။

ရေများများသောက်ပါ

အပေါ်ကအချက်တွေလုပ်ပြီး ရေသောက်နည်းနေရင်လည်း နှုတ်ခမ်းခြောက်တာက သက်သာမှာမဟုတ်ပါဘူး။ ဒါကြောင့် ရေများများသောက်ပါ။ ရေများများသောက်ရင် နှုတ်ခမ်းခြောက်တာလည်း သက်သာလာပါလိမ့်မယ်။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင် နှုတ်ခမ်းခြောက်တာက ပိုးဆိုးလာပါလိမ့်မယ်။ ပုံမှန် နှုတ်ခမ်းမခြောက်တတ်တဲ့သူတောင်မှ ဝမ်းချုပ်ရင် နှုတ်ခမ်းခြောက်လာပါတယ်။ ဒါကြောင့် ဝမ်းမချုပ်ပါစေနဲ့။