ရင်ဘတ်မှာ ဝက်ခြံပေါက်ရင် လက်သည်းနဲ့ကုတ်ဖဲ့တာမျိုးတွေ မလုပ်ပါနဲ့။ အမာရွတ်ကျန်သွားပါလိမ့်မယ်။ ရိုးရှင်းတဲ့နည်းလမ်းတွေကိုသုံးပြီး ရင်ဘတ်မှာပေါက်တဲ့ဝက်ခြံတွေကို ပျောက်အောင်လုပ်လို့ရပါတယ်။

Exfoliating body wash

ရေချိုးတဲ့အခါမှာ ရိုးရိုးဆပ်ပြာမသုံးပဲနဲ့ exfoliating body wash ကို သုံးပေးပါ။ သူက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုပွင့်စေတယ်၊ အညစ်အကြေးတွေကို သေချာဖယ်ရှားပေးလို့ ဝက်ခြံတွေသက်သာစေတယ်၊ အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ ဒါပေမယ့် တစ်ပတ်မှာ ၂ ကြိမ်ပဲသုံးပေးပါ။ ရင်ဘတ်မှာပေါက်တဲ့ဝက်ခြံအပြင်၊ ကျောမှာပေါက်လေ့ရှိတဲ့ ဝက်ခြံတွေပါ ပျောက်သွားပါလိမ့်မယ်။

Cooling lotion

ရင်ဘတ်မှာပေါက်တဲ့ဝက်ခြံတွေ ပျောက်ဖို့ဆိုရင် အသားအရေက greasy ဖြစ်မနေဖို့လိုပါတယ်။ ဒါကြောင့် body lotion သုံးတဲ့အခါမှာလည်း လိမ်းထားရင် အေးအေးလေးဖြစ်နေစေမယ့် cooling effect ပါတဲ့ lotion တွေ၊ aloe vera ပါတဲ့ lotion တွေကို လိမ်းပေးပါ။

လေဝင်လေထွက်ကောင်းတဲ့အင်္ကျီ

ပိတ်လှောင်နေတဲ့အင်္ကျီတွေ၊ ထူပိတ်နေတဲ့အင်္ကျီမျိုးတွေဝတ်ရင် ချွေးတွေထွက်တာနဲ့ ဝက်ခြံက အင်္ကျီနဲ့ထိပြီး လှောင်နေတာနဲ့ ဝက်ခြံတွေက ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီတွေ၊ ချည်သားလေးတွေကို ရွေးဝတ်ပါ။

Workout လုပ်ပြီးရေချိုးပါ

Workout လုပ်ပြီးရင် ချွေးတွေအရမ်းထွက်တဲ့အတွက် ခဏနားပြီး ရေချိုးပါ။ ရေမချိုးပဲနေရင် ချွေးနဲ့ အညစ်အကြေးတွေနဲ့ရောပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံတွေပိုဆိုးလာပါလိမ့်မယ်။ ရင်ဘတ်မှာဝက်ခြံမပေါက်လည်း workout လုပ်ပြီးတာနဲ့ ရေချိုးပေးဖို့လိုကိုလိုပါတယ်။ ပြီးမှချိုးမယ်ဆိုပြီး အိပ်လိုက်တာမျိုးတွေလည်း မလုပ်သင့်ပါဘူး။