Lip Balm မဆိုးပဲနဲ့ နှုတ်ခမ်းကွဲတာကို သက်သာပျောက်ကင်းအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ လူတိုင်းအိမ်မှာ အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

နှုတ်ခမ်းမခွာပါနဲ့

အရေးကြီးတဲ့ ပထမဆုံးအချက်ကတော့ နှုတ်ခမ်းကွဲတာ သက်သာပျောက်ကင်းချင်တယ်ဆိုရင် နှုတ်ခမ်းမခွာပါနဲ့။ နှုတ်ခမ်းကို လက်နဲ့ကုတ်ဖဲ့ပြီးခွာတာတွေက နှုတ်ခမ်းကွဲတာ ပိုဆိုးသွားစေပါတယ်။

ရှောင်သင့်တဲ့အစားအသောက်

နှုတ်ခမ်းကွဲတာသက်သာပျောက်ကင်းစေဖို့ ချဉ်တဲ့အစားအစာတွေနဲ့ စပ်တဲ့အစားအစာတွေကို ခဏရှောင်ပေးပါ။

သခွားသီးနဲ့ပွတ်ပါ

သခွားသီးကို အကွင်းလေးဖြစ်အောင်လှီးပြီး နှုတ်ခမ်းကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ၅ မိနစ်လောက် နေ့တိုင်း ပွတ်ပေးမယ်ဆိုရင် နှုတ်ခမ်းပြီးခြောက်တာ သက်သာစေပါတယ် ပုံမှန်လုပ်ပေးသွားရင် အကုန်ပျောက်ပြီး နှုတ်ခမ်းသား ချောမွေ့လာစေပါတယ်။

အုန်းဆီ

ညအိပ်ယာဝင်ခါနီးတိုင်း အုန်းဆီကို နှုတ်ခမ်းမှာလမ်းပေးရင်လည်း နှုတ်ခမ်းခြောက်တာ သက်သာပျောက်ကင်းစေပါတယ်။ နှုတ်ခမ်းသားလည်း နူးညံ့ချောမွေ့လာစေပါတယ်။ အုန်းဆီမဟုတ်ပဲ Jojoba Oil, Almond Oil နဲ့ သံလွင်ဆီ စတာတွေလည်း သုံးလို့ရပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်က အတွင်းသားဂျယ်လ်ကို ခြစ်ယူပြီး နှုတ်ခမ်းကိုလိမ်းပေးရင်လည်း နှုတ်ခမ်းကွဲပြီးခြောက်တာတွေ သက်သာပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ပတ်နဲ့ မတည့်တဲ့သူကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံး သုံးလို့ရပါတယ်။

ရေများများသောက်ပါ

နောက်ဆုံးအချက်ကတော့ ရေများများသောက်ဖို့ပါပဲ။ ရေခဲရေနဲ့ ရေနွေးကြမ်းမဟုတ်ပဲ ရိုးရိုးရေသန့် သောက်ပေးရမှာပါ။ ရေများများသောက်ပေးရင် နှုတ်ခမ်းကွဲတာ၊ ခြောက်တာတွေ သက်သာပျောက်ကင်းစေပါတယ်။