ဆားဝက်ခြံက မိန်းကလေး၊ ယောင်္ကျားလေး အကုန်လုံးဖြစ်ကြတာပါပဲ။ ဆားဝက်ခြံတွေ ပျောက်အောင်ဆိုပြီး ဆားဝက်ခြံကပ်ခွာကပ်လည်း ခဏပဲ ပြီးရင် အများကြီးပြန်ထွက်လာတာမျိုး ကြုံဖူးကြမှာပါ။ ဒီလို ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် ထိရောက်တဲ့ သဘာဝနည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။

ကြက်ဥနဲ့ပျားရည်

ဒီနည်းလမ်းကတော့ လူတိုင်းသိမှာပါ။ ကြက်ဥနဲ့ပျားရည်က ဆားဝက်ခြံတွေ ဖယ်ရှားဖို့အတွက် အရမ်းကောင်းတဲ့ နည်းလမ်းပါပဲ။ လုပ်ရမယ့်နည်းလမ်းကတော့ ကြက်ဥတစ်လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး အနှစ်ကိုဖယ်ထုတ်ပါ၊ ပြီးရင် ကျန်ခဲ့တဲ့ အကာအရည်ကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးမွှေပါ။ ပြီးရင်တော့ ဆားဝက်ခြံထွက်တဲ့နေရာမှာ လိမ်းပြီးကြာကြာလေးထားပါ။ နောက်ဆုံးမှာတော့ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ရုံပါပဲ။

မုန့်ဖုတ်ဆိုဒါနဲ့ရေ

ဒီနည်းလမ်းက အရမ်းလွယ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပြီး ဆားဝက်ခြံထွက်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးလေးနဲ့ ပြန်သန့်စင်ပေးပါ။

နနွင်းနဲ့အုန်းဆီ

ဒီနည်းလမ်းက အိမ်တိုင်းရှိတဲ့ အရာနှစ်မျိုးနဲ့ လုပ်ရမှာဆိုတော့ အလွယ်ဆုံးပါပဲ။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ အုန်းဆီနည်းနည်းကို ရောမွှေပြီး ဆားဝက်ခြံထွက်တဲ့နေရာမှာ လိမ်းပေးပါ။ ပြီးရင် ခုနကလိုပဲ ၁၅ မိနစ်ထားပြီးမှ ရေကြက်သီးနွေးလေးနဲ့ ပြန်သန့်စင်ပေးပါ။

သစ်ကြံပိုးခေါက်အမှုန့်နဲ့သံပယိုရည်

နောက်ဆုံးနည်းလမ်းကတော့ သစ်ကြံပိုးခေါက်အမှုန့် ရှာရတာ နည်းနည်းရှားပေမယ့် အရမ်းထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း ၁ နဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရောမွှေပြီး ဆားဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းထားပါ။ မိနစ် ၂၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပေးပါ။

ဒီနည်းလမ်းတွေထဲက ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။