တစ်ခါတစ်လေကျရင် မကောင်းတဲ့စိတ်ခံစားချက်တွေ ဝင်လာတာမျိုး လူတိုင်းဖြစ်ပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေကို ရှင်းမထုတ်နိုင်ရင် စိတ်တိုရမယ်၊ စိတ်ပင်ပန်းရပါမယ်။ စိတ်မကြည်တော့ပဲ အလိုမကျတာတွေ များလာပါမယ်။ ဒါကြောင့် မကောင်းတဲ့စိတ်ခံစားချက်တွေကို အမြန်ရှင်းထုတ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

တရားထိုင်ပါ

အကောင်းဆုံးကတော့ တရားထိုင်တာပါပဲ။ တရားထိုင်ပေးခြင်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်ကြည်လင်စေတယ်၊ မကောင်းတဲ့ စိတ်ခံစားချက်တွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ မကောင်းတဲ့ စိတ်ခံစားချက်ဝင်မှ တရားထိုင်တာထက်စာရင် နေ့တိုင်း တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် တရားထိုင်ပေးတာက ပိုကောင်းပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေ ဝင်လာတာမျိုးလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

အကောင်းဘက်ကိုများများတွေးပါ

မကောင်းတဲ့ စိတ်ခံစားချက်တွေ ဝင်လာပြီဆိုရင် အများစုက မကောင်းတဲ့ဘက်ကိုပဲ တွေးကြတာပါ။ မကောင်းတဲ့ဘက်ကိုတွေးရင် ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် အရာရာကို ကောင်းတဲ့ဘက်ကတွေးပြီး ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။

သီချင်းဆိုကခုန်ပါ

စိတ်လွတ်ကိုယ်လွတ်နဲ့ ဘာမှမတွေးပဲ သီချင်းတွေအော်ဆိုပြီး ကခုန်နေလိုက်ရင် စိတ်ပေါ့ပါးသွားပြီး relax ဖြစ်သွားစေပါတယ်။ အပြင်ရောက်နေတဲ့အချိန်ဆို နားကျပ်တပ်ပြီး မြူးတဲ့သီချင်းတွေကို အကျယ်ကြီးဖွင့် နားထောင်လိုက်ပါ။

စားချင်တာတွေစားပါ

ကိုယ်စားချင်နေတာတွေကို စားချင်သလောက်သာ အများကြီးစားပစ်လိုက်ပါ။ ဒေါသတွေ၊ စိတ်ညစ်စရာတွေ လျော့ကျသွားပြီး မကောင်းတဲ့ စိတ်ခံစားချက်တွေကိုလည်း အထိုက်အလျောက် ရှင်းထုတ်ပစ်နိုင်ပါမယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပေးရင် စိတ်ပေါ့ပါးလန်းဆန်းသွားစေလို့ မကောင်းတဲ့ စိတ်ခံစားချက်တွေ၊ ဒေါသတွေ၊ စိတ်ညစ်စရာတွေပါ လျော့ကျသွားစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ချင်ရင် ပြေးတာ၊ ရေကူးတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

Facebook မသုံးပဲနေလိုက်ပါ

မကောင်းတဲ့စိတ်ခံစားချက်တွေ များနေရင် facebook မသုံးပဲ ခဏနေလိုက်ပါ။ Facebook သုံးရင် မြင်မြင်သမျှကို လိုက်ခံစားပြီး စိတ်ခံစားချက် ပိုဆိုးလာနိုင်ပါတယ်။ Facebook သုံးမယ့်အစား ရုပ်ရှင်ကြည့်တာက ပိုကောင်းပါတယ်။