မကောင်းတဲ့ စိတ်ခံစားချက်တွေ ဝင်လာတဲ့အချိန်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အဓိကကတော့ အဲ့အလိုအချိန်မှာ ဘာလုပ်လုပ် အဆင်မပြေသလိုဖြစ်ပြီး စိတ်လုံးဝမကြည်တော့ဘူး အရာရာကိုအဆိုးမြင်ပြီး စိတ်ဓာတ်ကျတာမျိုး၊ ဒေါသထွက်လွယ်တာမျိုး၊ စိတ်အလိုမကျတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိနေတ ဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကို အမြန်ဆုံးဖယ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Social Media သုံးတာလျှော့လိုက်ပါ

Social Media အရမ်းသုံးနေရင် မြင်ရတွေ့ရတာတွေကြောင့် စိတ်အခြေအနေ ပိုဆိုးလာတာ များပါတယ်။ ဒါကြောင့် Social Media သုံးတာကို လျှော့ချလိုက်ပါ။ ဖြစ်နိုင်ရင် ခဏလောက်မသုံးတော့ပဲ ရက်ပိုင်းလောက် ပျောက်နေလိုက်ပါ။ တခြားစိတ်အပန်းဖြေစရာတွေကို အစားထိုးလုပ်လိုက်ပါ။

သီချင်းဆိုကခုန်လိုက်ပါ

စိတ်လွတ်ကိုယ်လွတ်နဲ့ ဘာမှမတွေးတော့ပဲ သီချင်းတွေအော်ဆိုပြီး ကခုန်လိုက်မယ်ဆိုရင်တော့ စိတ်ပေါ့သွားပြီး နေလို့အရမ်းကောင်းသွားပါလိမ့်မယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေကိုလည်း အကုန်မဟုတ်ရင်တောင်မှ တစ်ဝက်လောက်တော့ ရှင်းထုတ်ပစ်လိုက်နိုင်ပါလိမ့်မယ်။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။ ဒါကြောင့်လည်း တရားထိုင်ပေးရင် မကောင်းတဲ့စိတ်ခံစားချက်တွေကိုပါ ရှင်းထုတ်ပြီးသား ဖြစ်စေပါတယ်။

လေ့ကျင့်ခန်းလုပ်လိုက်ပါ

ကိုယ်လက်လှုပ်ရှားပြီး ချွေးထွက်သွားစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။ ရေကူးတာ၊ ကြိုးခုန်တာမျိုးတွေလည်း လုပ်ကြည့်ပါ။ စိတ်ပေါ့ပါးလန်းဆန်းသွားပြီး ခွန်အားပြည့်ကာ ပြန်လည်တက်ကြွလာပါလိမ့်မယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေ၊ စိတ်ညစ်စရာတွေ၊ stress တွေလည်း လျော့ကျသွားပါလိမ့်မယ်။

အကောင်းဘက်ကပြောင်းတွေးပါ

မကောင်းတဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အရာရာကို မကောင်းတဲ့ဘက်က မြင်နေတွေးနေလို့ပါပဲ။ Negative ဆန်တဲ့ အတွေးတွေကို ရှင်းထုတ်ပစ်ပြီး အရာရာကို အကောင်းဘက်ကနေ ပြောင်းတွေးမယ်ဆိုရင် အဆင်ပြေသွားမှာပါ။