မင်္ဂလာပါနော်။ မျက်နှာတစ်ခုမှာ မျက်ခုံးမွှေးရဲ့ အလှဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မျက်ခုံးမွှေးလှလှဆိုးရင် သင့်ကို ပိုပြီး လှပတင့်တယ်စေပါတယ်။ မျက်ခုံးမွှေးလှလှရဖို့အတွက် ဘယ်လိုဆိုးရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မစတင်မီ

မျက်ခုံးမွှေးကို ပိုပြီး သန်စေဖို့အတွက် ညအိပ်ယာမဝင်ခင် မျက်ခုံးမွှေးပေါ်ကို ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီ တစ်ခုခုကို လိမ်းပေးပြီးမှ အိပ်ယာဝင်ပေးပါ။

သင့်မျက်မှာပုံစံနဲ့ လိုက်ဖက်တဲ့ မျက်ခုံးမွှေးပုံကို ရွေးချယ်ပါ

သင့်ရဲ့ မျက်ခုံးမွှေးပုံကို သေချာရွေးချယ်ပါ။ သင့်ရဲ့ မျက်နှာပုံနဲ့ လိုက်ဖက်တာကို ရွေးချယ်ဖို့လိုပါတယ်။

မျက်ခုံးမွှေးပုံဖော်တဲ့အခါ

မျက်ခုံးမွှေးအစ ကို သင့်နှာခေါင်းနဲ့ တစ်တန်းတည်းကို တိုင်းပါ။ အဆုံးကိုလည်း နှာခေါင်းရိုးနဲ့ ဆုံရာ ဘေးစောင်းလေး တိုင်းပေးရပါမယ်။

မျက်ခုံးမွှေးကို အောက်ကနေ စဆွဲပါ

မျက်ခုံးမွှေးကို အောက်ဖက်ကနေ စပြီး ဆွဲပေးပါ။ ပြီးတော့မှ အလယ်မှာ လိုက်ဖြည့်ပေးလိုက်ပါ။