သင်ဟာဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲ။ အဆီပြန်တာလား၊ အသားခြောက်တာလား၊ ဒါမှမဟုတ် ပေါင်းစပ်အသားအရေပိုင်ရှင်လား။ ဘယ်လိုအသားအရေပိုင်ရှင်မျိုးပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းတဲ့အခါ အကောင်းဆုံး ပြင်ဆင်လိမ်းခြယ်နိုင်ပါတယ်။

အဆီပြန်တဲ့အသားအရေ

ဘယ်လိုအသားအရေမျိုးမဆို ပြစ်မျိုးမှဲ့မထင် မိတ်ကပ်ပြင်ဆင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေ

အဆီပြန်တတ်တဲ့အသားအရေအတွက် မိတ်ကပ်လိမ်းတဲ့အခါ ပြုလုပ်ပေးရမယ့် အဆင့်လေးတွေကို ပြောပြမယ်နော်။

၁။ အရင်ဆုံး သေချာသန့်ရှင်းပြီး အဆီမပါဝင်ဘဲ Water Base Moisturizer ကိုသုံးပေးပါ

၂။ အရောင်ရင့်ရင့်တွေလိမ်းမယ့်အစား အရောင်နုနုနဲ့ ခပ်ပါးပါးလေးပဲ လိမ်းခြယ်ပါ

၃။ ပေါင်ဒါကို အများကြီးမလိမ်းပါနဲ့

၄။ အဆီပြန်လာတဲ့အခါ ပွတ်ပြီး အဆီကိုသုတ်ပေးတာမျိုးမဟုတ်ဘဲ ခပ်ဖွဖွလေးဖိပြီး အဆီသုတ်ပေးပါ

အသားအရေခြောက်သူတွေ

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဟာ အဓိကအားဖြင့်တော့ အထိမခံတဲ့ အသားအရေထဲမှာပါလေ့ရှိတတ်ပါတယ်။

၁။ မျက်နှာကို ဂျေးချွတ်ပေးပြီးရင် ရေဓာတ်ဖြည့်တင်းပါ

၂။ အမှုန့်အစား ခရင်မ် ကိုသုံးပါ

၃။ Highlighter သုံးဖို့မမေ့ပါနဲ့

၄။ အားလုံးပြီးသွားရင် စပရေးဖြန်းပေးလိုက်ပါ

ပုံမှန် (သို့) ပေါင်းစပ်အသားအရေပိုင်ရှင်တွေအတွက်

အများအားဖြင့် ဒီအသားအရေပိုင်ရှင်တွေကတော့ အောက်မှာဖော်ပြမယ့် နည်းလမ်းကိုသုံးနိုင်ပါတယ်။

၁။ T Zone ဖြစ်တဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့ စတဲ့နေရာတွေကို အဓိကထားပါ

၂။ သင်နဲ့ သင့်တော်တဲ့ မိတ်ကပ် ပစ္စည်းတွေသုံးပါ

၃။ Primer နဲ့ ဖောင်ဒေးရှင်းကို သင့်အသားအရေနဲ့လိုက်ဖက်တာ ရွေးချယ်ပါ

၄။ ပြီးတော့မှ ပေါင်ဒါသုံးပေးလိုက်ပါ

Source: www.brightside.me