ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေရတဲ့သူတွေအတွက် နောက်တစ်ကြိမ်ထပ်ပြီး ပျော်ရွှင်ရအောင် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပြန်လည်ရှာဖွေနိုင်ဖို့ ကူညီပေးမယ့်နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဘယ်အချိန်ကစပြီးပျော်ရွှင်မှုတွေရပ်တန့်သွားတာလဲ

ကိုယ့်အတွက် ဘယ်အချိန်ကစပြီး ပျော်ရွှင်မှုတွေ ရပ်တန့်သွားတာလဲဆိုတာကို အရင်ဆုံးစဉ်းစားပါ။ ပြီးရင် အဲ့လိုပျော်ရွှင်မှုကို ရပ်တန့်သွားစေခဲ့တဲ့အရာတွေကို လွှတ်ချလိုက်ပါတော့။ ဒါတွေကိုလွှတ်ချနိုင်မှသာ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ဘယ်အရာကသင့်ကိုပျော်ရွှင်စေမလဲ

ဘယ်အရာတွေက သင့်ကိုပျော်ရွှင်မှုပေးနိုင်မလဲ၊ ဘယ်အရာတွေကြောင့် သင်ပျော်ရွှင်ရလဲဆိုတာကို စဉ်းစားပါ။ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေပဲလုပ်ပါ။ ပျော်ရွှင်စေတဲ့အရာတွေကို တန်ဖိုးထားပါ။ ဒါကအရှင်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဘယ်လိုကာကွယ်မလဲ

ကိုယ့်ရဲ့ပျော်ရွှင်မှုကို ထပ်ပြီးပျက်စီးသွားတာမျိုးမဖြစ်ရအောင် ကာကွယ်ရပါမယ်။ ကိုယ်တိုင်မှားနေတာတွေရှိရင် အမှားကိုလက်ခံပြီး ဆင်ခြင်ပါ။ ထပ်တလဲလဲမှားနေရင်တော့ ကိုယ့်ပျော်ရွှင်မှု ထပ်ပျက်စီးပြီး ကြာရှည်မခံပါဘူး။

ကိုယ့်ကိုယ်ကိုအမြဲဂရုစိုက်ပါ

ကိုယ့်ကိုယ်ကိုလည်း အမြဲတမ်းဂရုစိုက်ပါ။ စိတ်ပိုင်းဆိုင်ရာပိုကောင်းလာအောင်၊ ကျန်းမာရေးကောင်းအောင်၊ အမြဲတမ်းလှပနေအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ပြင်ပြင်ဆင်ဆင်နေပါ။

ခက်ခဲတဲ့အချိန်တွေကြုံရမယ်ဆိုတာကိုမှတ်ထားပါ

ဘဝက အမြဲတမ်းပျော်ရွှင်နေရတာမျိုးမရှိပါဘူး။ ပျော်အောင်နေရမှာပါ။ ခက်ခဲတဲ့အချိန်တွေက ရောက်လာမှာပါပဲ။ ဒါကြောင့် ဘဝမှာ ခက်ခဲတဲ့အချိန်တွေကိုလည်း သေချာပေါက်ကြုံရမယ်ဆိုတာကို မှတ်ထားပါ။ ဒါဆိုရင် ကြုံတွေ့ရတဲ့အခါ အရမ်းခံစားရတာမျိုး မဖြစ်တော့ပါဘူး။

စိတ်အပြောင်းအလဲဖြစ်အောင်လုပ်ပါ

စိတ်အပြောင်းအလဲဖြစ်အောင် မလုပ်ဖူးတာလေးတွေ၊ စိတ်တည်ငြိမ်စေတာလေးတွေကို try ကြည့်ပါ။ ဒီလိုလုပ်နေရင်းနဲ့ ကိုယ့်စိတ်ပျော်ရွှင်ရမယ့်အရာတွေကို ရှာဖွေနိုင်ပါတယ်။

Overthinking မဖြစ်ပါနဲ့

ပျော်ရွှင်မှုကိုဖျက်စီးပစ်တဲ့အရာကတော့ overthinking ဖြစ်နေတာပါပဲ။ စိတ်က overthinking ဖြစ်နေရင် အရမ်းပူလောင်ရသလို၊ အရမ်းလည်းစိတ်ဆင်းရဲရပါတယ်။ ဒါကြောင့် overthinking ဖြစ်တဲ့စိတ်ကိုသာ ပြင်ပါ။ လုံးဝ overthinking မဖြစ်ပါနဲ့တော့။