ကိုယ့်ကို ပြန်မချစ်နိုင်တဲ့သူကို မျှော်လင့်စောင့်စားနေရတာဟာ အချိန်ကုန်လူပင်ပန်းပါတယ်။ မပျော်မရွှင်ဖြစ်ရသလို စိတ်ကျေနပ်မှုလည်း မရှိတာကြောင့် စိတ်ဓာတ်ကျတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလိုခံစားချက်မျိုးကို မြန်နိုင်သမျှ မြန်မြန် ထုတ်ပစ်ဖို့လိုအပ်ပါတယ်။

ဒီနေ့ ကိုယ့်ကို ပြန်မချစ်နိုင်တဲ့လူကို မေ့ပစ်ဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးသွားမှာပါ။

အာရုံလွှဲပါ

အမြင်အာရုံနဲ့ စိတ်အာရုံကနေ ထုတ်ပစ်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကိုပြန်မချစ်နိုင်တော့တဲ့ လူတစ်ယောက်ကို မေ့ပစ်ဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ တက်နိုင်သမျှ သူနဲ့ဝေးဝေးမှာ နေပေးပါ။

သူနဲ့ ဝေးဝေးမှာ နေဖို့အဆင်မပြေဘူးဆိုရင်တော့ အတွေးထဲကနေသူ့ကို ထုတ်ပစ်ဖို့ ကြိုးစားပါ။ ကိုယ့်ရဲ့အတွေးအာရုံကို ကိုယ့်ရဲ့ စိတ်ကူးအိပ်မက် တွေဖက်လှည့်ပေးပါ။ ဒီအချိန်မှာ relationship ဆိုတာကြီးကို မေ့ထားလိုက်ပါ။

သင်နဲ့ပြဿနာတူတဲ့လူကို ရှာဖွေပါ

ဒီလိုပြဿနာရှိတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ လူတော်တော်များများ ဒီလိုပြဿနာတွေ ကြုံဖူးပါတယ်။ ဒီလို ပြဿနာတွေနဲ့ ကြုံရတဲ့အချိန်မှာ သူတို့ဘယ်လိုရင်ဆိုင် ဖြေရှင်းခဲ့သလဲဆိုတာကိုသိအောင် ကြိုးစားပါ။

ဒါမှမဟုတ် သင့်ရဲ့အနီးကပ်ဆုံး သူငယ်ချင်းတွေကို သင့်ရဲ့ခံစားချက်တွေကို ရင်ဖွင့်ပါ။ သူတို့အနေနဲ့ သင့်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်မှာပါ။

မိမိကိုယ်ကို ဂရုစိုက်ပါ

မိမိကို ပြန်မချစ်နိုင်တဲ့ လူတစ်ယောက်ကို စောင့်မျှော်နေရတာဟာ အလွန်ပင်ပန်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဟာ သင့်ကိုယ်သင် လျစ်လျူရှုလာတက်ပါတယ်။ မိမိကိုယ်ကိုလည်း ဂရုမစိုက်တော့ဘဲ ကျန်းမာရေးပါ ချူချာလာနိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူက ဒီလိုဖြစ်နေတာကို မြင်ရင် ပြန်ချစ်လာမလားဆိုပြီး မျှော်လင့်တတ်ကြပါတယ်။ သေချာတာကတော့ သူတို့ သင့်ကို ပြန်မချစ်လာပါဘူး။

ဒါကြောင့် မိမိကိုယ်ကို ဖျက်စီးနေမဲ့အစား သူ့အကြောင်းကိုမေ့ပြီး ကိုယ့်အတွက်အကျိုးရှိတာကို အာရုံစိုက်ပေးပါ။ အားကစားလုပ်ပါ။ ရုပ်ရည်ကို ပိုပြီးဂရုစိုက်ပေးပါ။ ဆံပင်ပုံစံတွေ ပြောင်းပြီး ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

စိတ်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းတွေများကြီးရှိပါတယ်။ အထိရောက်ဆုံး နည်းလမ်းတွေထဲကတစ်ခုကတော့ လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ လေ့ကျင့်ခန်းလုပ်ခြင်းက အဆိုးမြင်ဝါဒကို ဖယ်ရှားပေးနိုင်ပါတယ်။