မင်္ဂလာပါ…. ပျိုမဒီတို့ရေ… ရှည်ပြီးသွယ်သွယ်လေးနဲ့လှနေတဲ့လက်ချောင်းလေးတွေကို တကယ်ကို ဆွဲဆောင်မှုရှိတာမလို့ မလိုချင်တဲ့ မိန်းကလေးမရှိပါဘူးနော်။ လက်သည်းနီလှလှလေးဆိုးထားရင် ပိုတောင်လှပါသေးတယ်။ ဒီလို လှပပြီးသွယ်တဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးနိုင်မယ့် အစားအသောက်နဲ့ လေ့ကျင့်ခန်း အကြံပြုချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

Finger Stretch

ဒီလေ့ကျင့်ခန်းဟာ နေ့စဥ်အချိန်မရွေး လုပ်နိုင်တဲ့ အခြေခံလေ့ကျင့်ခန်းတစ်ခုပါ။ လက်ဖဝါးကို စားပွဲပေါ်တင်ပြီး လက်ချောင်းတွေကို မျက်နှာပြင်နဲ့ ညီအောင် ညီညီညာညာ ဆန့်ထားရပါမယ်။ စက္ကန့် 30 ကနေ 60 အထိ ဖိထားပါ။

Make a fist

ဒီလေ့ကျင့်ခန်းက လက်နဲ့ လက်ချောင်းတွေကို သန်မာစေပါတယ်။ လက်ကို ဖြည်းဖြည်းဆုပ်ပြီး လက်မကို လက်ချောင်းများပေါ် တင်လိုက်ပါ။ စက္ကန့် 30 ကနေ 60 အထိ ဖိထားပြီး လက်ချောင်းများကို ထုတ်ကာ ဖြန့်ပါ။ လက်တစ်ဖက်ကို အနည်းဆုံး လေးကြိမ်လုပ်ပေးပါ။

Grip Exercise

ဒီလေ့ကျင့်ခန်းက သင့်လက်ချောင်းတွေကို ပိုသန်မာလာစေပါတယ်။ ဒီလေ့ကျင့်ခန်းအတွက် ညှစ်ဘောလုံးတစ်ခု လိုအပ်ပါလိမ့်မယ်။ ဘောလုံးကို လက်ဖဝါးပေါ် ညှစ်ပြီး မလွှတ်ခင် 2-3 စက္ကန့်လောက် ဖိထားပါ။ လက်တစ်ဖက်စီကို 15-20 ကြိမ်နဲ့ 2-3 ကြိမ်ပြုလုပ်ပေးပါ။

Claw Exercise

လက်ချောင်းတွေကို ပိုမိုပျော့ပြောင်းစေဖို့ လက်ချောင်းတွေကို လက်ချောင်းခြေရင်းထိအောင် ထိပါ။ ဒီပုံစံကို စက္ကန့် 40-50 လောက်ထားပြီး လွှတ်ပေးလိုက်ပါ။

Finger Lifting

လက်ဖဝါးကို စားပွဲပေါ်တင်ပြီး လက်ချောင်းတွေကို ဖြန့်ထားလို်က်ပါ။ လက်ချောင်းတစ်ချောင်းကို မြှောက်ပြီး 1-2 စက္ကန့်ကြာ မြှောက်ပြီး အောက်ကိုချပါ။ ဒါကို လက်တစ်ဖက်စီမှာ 12-15 ကြိမ် ထပ်လုပ်ပါ။

Thumb Extension

ဒီလေ့ကျင့်ခန်းအတွက် သားရေကွင်းတစ်ခု လိုပါလိမ့်မယ်။ လက်ကို ပြားချပ်ချပ်ပေါ်တင်ပြီး လက်ချောင်းအဆစ်နေရာမှာ ရော်ဘာကြိုးကို ပတ်ထားပါ။ လက်မကို ကိုးဆယ်ဒီဂရီထောင့်ဖြစ်အောင် အပြင်ဆန့်ထုတ်တဲ့အချိန် လက်ကို ပြားချပ်နေအောင်ထားပါ။ စက္ကန့် 30-60 လောက်ထားပြီး မူလအနေအထားကို ပြန်ပို့ပေးပါ။ ဒါကို လက်တစ်ဖက်စီမှာ 10-15 ကြိမ် ထပ်လုပ်ပါ။