မင်္ဂလာပါနော်။ လူတိုင်း စမတ်ကျပြီး ထက်မြက်တဲ့ ပုဂ္ဂိုလ်ဖြစ်ချင်ကြပါတယ်။ အဲဒီလိုစမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သင့်ရဲ့ သွင်ပြင်၊ ဝတ်ပုံစားပုံ၊ ပြုမူပြောဆိုမှုတွေဟာလည်း အရေးပါလှပါတယ်။
သင့်ဟာ ထင်ထားတာထက် စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်စေမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ သင့်ရဲ့သွင်ပြင်ကိုဂရုစိုက်ပါ
အပြင်ပိုင်းသွင်ပြင်ဆွဲဆောင်မှုရှိသူတွေဟာ စမတ်ပိုပြီးကျတယ်လို့ စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရဆိုပါတယ်။
၂။ သင့်ရဲ့ ပထမဆုံး Impression ကိုလည်း ဂရုစိုက်ပါ
လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့အခါ ပထမဆုံး ကိုယ့်အပေါ် မြင်လိုက်တဲ့ အမြင်ကအရေးကြီးဆုံးပါပဲ။ သင့်ရဲ့ ဝတ်စားဆင်ယင်မှု အပြောအဆိုတွေဟာ စမတ်ကျနေပါစေ။
၃။ မျက်လုံးချင်ဆုံပြီးစကားပြောရမှာမကြောက်ပါနဲ့
လူတစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံပြီး စကားပြောပါ။ အဲဒီလိုမျက်လုံးချင်းဆုံပြီး စကားပြောရမှာမကြောက်ပါနဲ့။
၄။ မျက်မှန်တပ်ပါ
မျက်မှန်တပ်ထားတဲ့သူတွေဟာ ဆွဲဆောင်မှုရှိပြီး စမတ်ကျကြပါတယ်။ Vienna တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ မျက်မှန်တပ်တာဟာ သင့်ကိုပိုပြီး ဉာဏ်ရည်ထက်မြက်တယ်လို့ မြင်ရစေပါတယ်တဲ့။
၅။ ရှင်းရှင်းလင်းလင်းပြောပါ
စကားပြောတဲ့အခါမှာရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပြောဆိုသင့်ပါတယ်။
၆။ ပြုံးပါ
ပြုံးပါ။ ပွင့်ပွင့်လင်းလင်းပြုံးလိုက်ပါ။ သင့်ရဲ့ အပြုံးတွေဟာ သင့်ကိုပိုပြီး စမတ်ကျစေပါတယ်။
၇။ စာရေးပါစကားပြောပါ
လူတစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်သွယ်ရာမှာ စာရေးပြီးတော့သော်လည်းကောင်း ၊ စကားပြောပြီးတော့သော်လည်းကောင်း ပြောဆိုလို့ရပါတယ်။ ရိုးရိုးရှင်းရှင်းပြောပါ။ ရိုးရိုးရှင်းရှင်းရေးပါ။
၈။ စမတ်ကျကျလျှောက်ပါ
တခြားသူထက် ပိုမြန်မြန်လည်းမလျှောက်သင့်သလို၊ တခြားသူထက် ပိုနှေးနှေးလည်းမလျှောက်သင့်ပါဘူး။ ပုံမှန်နဲ့ စမတ်ကျကျပဲလျှောက်ပါ။
၉။ ဟာသပြောပါ
ရယ်မောပြောရွှင်စေတဲ့ ဟာသတွေပြောပါ။ ဟာသပြောတဲ့သူတွေ တခြားသူတွေကို ရယ်မောပျော်ရွှင်စေသူတွေဟာ စမတ်ကျကြပါတယ်။