ဘယ်လိုပဲဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေဝယ်သုံးသုံး၊ ဘယ်လောက်ပဲ ညှစ်ပစ်ညှစ်ပစ် နောက်ထပ်ပြန်ပြီးတော့ နှာခေါင်းပေါ်မှာ ပေါ်ပေါ်လာလို့ စိတ်ညစ်နေရပြီလား။

တခါတလေဆိုရင် မိတ်ကပ်လိမ်းရင်တောင်မှ ဖုံးဖိလို့မရနိုင်တဲ့ ဆားဝက်ခြံတွေကို မြန်မြန်ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းလေးတွေ တွေ့ထားလို့ စာဖတ်ချစ်သူလေးများအတွက် ပြန်လည်ဝေမျှပေးလိုက်ပြီနော်။

၁။ ကြက်ဥအကာပေါင်းတင်နည်း

Source: Medical News Today

ကြက်ဥနှစ်လုံးရဲ့ အနှစ်တွေကိုဖယ်လိုက်ပြီး အကာတွေကိုသာ မျက်နှာပေါ်မှာ အသာလေးသုတ်လိမ်းပေးပါ။ ၂ မိနစ် သို့မဟုတ် ခြောက်သွားတဲ့အထိ ထားပေးပြီး နောက်ထပ်တစ်လွှာထပ်လိမ်းပေးပါ။ နောက်ထပ် မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ပိတ်နေတဲ့ ချွေးပေါက်တွေကို ကျယ်စေပြီးတော့ အသားအရေလေးကို ချောမွေ့သွားစေမှာဖြစ်ပါတယ်။

၂။ ပျားရည်နှင့် သစ်ကြံပိုးခေါက် ပေါင်းတင်နည်း

Source: drdeanhowell.com

သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့အတူရောကာ နှာခေါင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၃ မိနစ်လောက် ပွတ်ပေးနေပြီးတော့ မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်တွေထဲက ဂျီးတွေကိုဖယ်ရှားပေးမှာဖြစ်ပါတယ်။

၃။ လီမွန်၊ ဒိန်ချဉ်၊ ပျားရည်နှင့် ဆား

Source: Byrdie

လီမွန်ရည်၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပျားရည်အနည်းငယ်တို့ကိုရောပြီးတော့ ဆားဝက်ခြံတွေပေါ်မှာသုတ်လိမ်းပေးပါ။ ၃ မိနစ်လောက်ပွတ်လိမ်းပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

၄။ မုန့်ဖုတ်ဆိုဒါ

Source: Medical News Today

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ရောကာ အနှစ်ဖြစ်လာပြီဆိုရင် ဆားဝက်ခြံများပေါ် ငါးမိနစ်လောက်သုတ်လိမ်းလိုက်ပါ။ ပြီးရင် မျက်နှာသစ်လိုက်ပါ။

၅။ မျက်နှာမှန်မှန်သစ်ပါ

Source: Birchbox

အပြင်ထွက်လို့ မျက်နှာပေါ်တင်ကျန်လာတဲ့ အညစ်အကြေးတွေ၊ ဆီတွေကို ဖယ်ရှားရန်အတွက် ရေနွေးနွေးလေးနဲ့ မျက်နှာမှန်မှန်သစ်ပါ။

ညအိပ်ရာမဝင်ခင် မိတ်ကပ်တွေဖျက်ပါ။ မဖျက်ဘဲအိပ်မိမယ်ဆိုပါက ချွေးပေါက်တွေပိတ်သွားနိုင်ပါတယ်။