မှန်ထဲကို ကြည့်လိုက်တာနဲ့ နှာခေါင်းရဲ့ ဘေးနှစ်ဖက်မှာ အသားအရေခြောက်တာက အလှအပအတွက် ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့သူအတွက်တော့ သိပ်အဆင်ပြေမနေပါဘူး။ အဆိုးဆုံးကတော့ အသားအရေကို ဘယ်လောက်ပဲ အစိုဓာတ်ထိန်းထားပါစေ ရေဓာတ်ပြည့်ဝနေပါစေ ဒါတွေက လုံးဝပျောက်မသွားပါဘူး။

ဒါကြောင့် အသားအရေကို ထိန်းသိမ်းထားပေမယ့် နှာခေါင်းနဲ့ အနီးတစ်ဝိုက်က အသားအရေက ခြောက်တာ၊ နီရဲလာတာ ယားတာမျိုးတွေအတွက် ဖြေရှင်းလို့ရမယ့် နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

နှာခေါင်းကို ခနခနသုတ်တာတွေက နှာခေါင်းတဝိုက်က အသားအရေကိုခြောက်စေပါတယ်။ ဒါကြောင့် Vaseline လို Petroleum Jelly တချို့ကို လက်နဲ့ယူပြီး ခြောက်တဲ့နေရာကို လိမ်းပေးပါ။

Moisturising Creams တွေအများကြီးလိမ်းတာက အသားခြောက်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ကိုယ်နဲ့တည့်တဲ့ Moisturizer ကို ရွေးပြီး ပုံမှန်လိမ်းပေးပါ။

Over-exfoliate လုပ်တာကလည်း အသားခြောက်တာကို ပိုဆိုးစေပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပွတ်ပေးရုံနဲ့ သူ့အလိုလို ပျောက်သွားဖို့ အချိန်ပေးသင့်ပါတယ်။

မျက်နှာသေချာသစ်ဖို့ အချိန်မပေးနိုင်ရင် တစ်ပတ်ကို တစ်ကြိမ် ရေနွေးငွေ့ခံပေးပါ။ ရေနွေးငွေ့နဲ့ မျက်နှာမှာကပ်နေတဲ့ အစက်အပြောက်တွေကို ဖယ်ရှားလိုက်ပါ။