အလုပ်နဲ့ပတ်သက်ရင် Stress ကတော့ ရှိတာပါပဲ။ Stress ရှိရင် လျော့အောင် လုပ်ရမှာပါ။ အလုပ်ပင်ပန်းရတဲ့ကြားထဲ Stress ပါပိနေရင် စိတ်ရောလူပါ ပင်ပန်းစေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အလုပ်နဲ့ပတ်သက်ပြီး Stress နည်းအောင်နေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
Plan ဆွဲပြီးအချိန်နဲ့အလုပ်လုပ်ပါ
တစ်နေ့တာလုပ်ရမယ့်အရာတွေကို အစီအစဉ်တကျ သေချာ Plan ဆွဲပြီး အချိန်နဲ့လုပ်ပါ။ Plan ဆွဲပြီး တစ်ခုချင်းစီ အချိန်နဲ့လုပ်သွားတာက အလုပ်လည်း မြန်မြန်ပြီးသလို အလုပ်လည်း မပုံတော့တဲ့အတွက် စိတ်ဖိစီးမှုနဲ့ Stress တွေ လျော့နည်းစေပါတယ်။
အလုပ်အကြွေးမထားပါနဲ့
အခုမလုပ်ချင်သေးလို့ နောက်မှလုပ်မယ်ဆိုရင် အကြွေးတင်ပြီး အလုပ်တွေပုံသွားပါလိမ့်မယ်။ အလုပ်အကြွေးတင်ရင် လုပ်ရမှာပိုပျင်းလာမယ်၊ မပြီးတော့ Stress တွေပိလာမယ်၊ ပင်ပန်းလာပါမယ်။ ဒါကြောင့် Deadline နီးမှ အလုပ်မလုပ်ပါနဲ့။ အလုပ်အကြွေးမထားပါနဲ့။
မလုပ်နိုင်ရင်ငြင်းပါ
ကိုယ်လုပ်နိုင်သလောက်ပဲ အာမခံပြီး လုပ်ပေးပါ။ ကိုယ်မနိုင်တာကို အာမခံပြီး လုပ်မယ်ပြောလိုက်ရင် ဝန်ပိပါတယ်။ Stress တွေများပြီး စိတ်ညစ်ရပါလိမ့်မယ်။ ဒါကြောင့် အားမနာပဲ မလုပ်နိုင်အောင် မလုပ်ကြောင်းပြောပြီး ငြင်းပါ။
အလုပ်ကလူတွေနဲ့အဆင်ပြေအောင်နေပါ
အလုပ်ကလူတွေနဲ့ အဆင်မပြေရင် အလုပ်လုပ်ရတာ စိတ်ညစ်လာမှာပါ။ အလုပ်မှာမပျော်တော့ဘူး၊ အလုပ်မလုပ်ချင်တော့ဘူး ဆိုတာမျိုးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် Boss နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် အားလုံးနဲ့ အဆင်ပြေအောင်နေပါ။ စိတ်ထဲဘာမှသိပ်မထားပါနဲ့။ မတွေးပါနဲ့။ ရေလိုက်ငါးလိုက်သာ အဆင်ပြေအောင်နေပါ။
အနားယူပါ
အလုပ်ကြီးပဲ ဆက်တိုက်လုပ်နေရင် Stress ဖြစ်စေပါတယ်။ လုပ်လိုက်၊ ခဏနားလိုက်နဲ့ ပုံမှန်လုပ်သွားပါ။ နားရက်တွေကိုလည်း အပြည့်အဝအသုံးချပါ။ အေးအေးဆေးဆေး အနားယူပြီး စိတ်ပျော်အောင်နေပါ။ Relax လုပ်ပါ။ ဒါဆိုရင်တော့ အလုပ်နဲ့ပတ်သက်ပြီး Stress နည်းလာပါလိမ့်မယ်။