မျက်အိတ်ဖောင်းတဲ့သူတွေအတွက် ငွေကြေးအကုန်အကျမများပဲ မျက်အိတ်ဖောင်းတာ သက်သာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

သခွားသီး

သခွားသီးကို အချပ်လေးတွေလှီးပြီး မျက်လုံးမှာ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ မျက်အိတ်ဖောင်းတာ သက်သာစေပြီး ပင်ပန်းနွမ်းနယ်သလိုဖြစ်နေတဲ့ မျက်လုံးနားတစ်ဝိုက်ကို Refresh ဖြစ်သွားစေပါတယ်။ အရမ်းလွယ်ကူတဲ့ နည်းလမ်းဖြစ်လို့ နေ့တိုင်းလုပ်ပေးပါ။

ထောပတ်သီး

ထောပတ်သီးရဲ့ အထဲကအသားကို တစ်ဇွန်းခြစ်ယူပြီး ချေပေးပါ။ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင် မျက်လုံး Area တစ်ဝိုက်ကိုလိမ်းပေးပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာတွေ သက်သာစေပါတယ်။

Tea Bag

Tea Bag ကပ်ပေးတာကလည်း မျက်အိတ်ဖောင်းတာကို သိသိသာသာ သက်သာစေပါတယ်။ Tea Bag ကို ရေနွေးခွက်ထဲ ထည့်စိမ်ပြီး အေးအောင်ထားလိုက်ပါ။ အေးသွားပြီဆိုမှ မျက်လုံးမှာကပ်ပေးရမှာ ဖြစ်ပါတယ်။

Cold Spoon

စတီးဇွန်းကို ရေခဲသေတ္တာထဲထည့် အအေးခံပြီး မျက်လုံးအောက်နား Area ကို မိနစ်ပိုင်းလောက် ကပ်ထားပေးရမှာဖြစ်ပါတယ်။ မျက်အိတ်ဖောင်းတာ သက်သာစေပြီး မျက်လုံး ညောင်းကိုက်တာလည်း သက်သာစေပါတယ်။

Caffeine Eye Cream

Caffeine နဲ့လုပ်ထားတဲ့ Eye Cream တွေက မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။ ကိုယ်က မျက်အိတ်ဖောင်းတာအတွက် သီးသန့်သုံးချင်တယ်ဆိုရင် Caffeine Eye Cream မျိုးကို ရွေးသုံးပေးပါ။ တခြား Treatment တွေလုပ်ရင်းနဲ့ ညတိုင်း Eye Cream တစ်ခုခုကို လိမ်းပေးတာလည်း အရမ်းကောင်းပါတယ်။