ဘဝထဲမှာ toxic ဖြစ်စေတဲ့လူတွေရှိနေရင် စိတ်ပင်ပန်းရပါတယ်။ စိတ်ညစ်ရပါတယ်။ ကိုယ့်အတွက်လည်း ကောင်းတာကိုမရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် ထားနိုင်ဖို့ ကိုယ့်ဘဝထဲကနေ toxic ဖြစ်စေတဲ့လူတွေကို ဒီနည်းလမ်းတွေနဲ့သာ ဖယ်ထုတ်ပစ်လိုက်ပါ။

Conservation တွေကို လျှော့ချလိုက်ပါ

လုံးဝစကားမပြောပဲ ချက်ချင်းကြီးရှောင်လိုက်ဖို့ကလည်း အဆင်မပြေဘူးဆိုရင် သူတို့နဲ့ပြောတဲ့ conservation တွေကို လျှော့ချလိုက်ပါ။ သူမေးတာလောက်ပဲ ပြန်ဖြေပြီး ကိုယ့်ဘက်ကနေ စကားအပိုမပြောပါနဲ့။ မေးတဲ့မေးခွန်းကိုပဲ တစ်လုံးစ၊ နှစ်လုံးစ ပြန်ဖြေတာမျိုး၊ စကားကို ခပ်ပြတ်ပြတ်ပြောတာမျိုးတွေလုပ်ပြီး လျှော့ချလို့ရပါတယ်။ ကြာလာရင် သူငါ့ကို မပြောချင်တာပဲဆိုတာသိသွားပြီး လာပြောတော့မှာမဟုတ်ပါဘူး။

လျစ်လျှူရှုထားလိုက်ပါ

Toxic ဖြစ်စေတဲ့သူကတော့ ကိုယ့်ကို စိတ်ပင်ပန်းစေမယ့်အရာတွေပဲ ပြောဆိုပြုမူနေမှာပါ။ အဲ့တာတွေကို ဂရုစိုက်မနေပဲ လျစ်လျှူရှုထားလိုက်ပါ။ ရှောင်ဖယ်နေလိုက်ပါ။ ကိုယ့်ကို မကောင်းတဲ့အရာတွေပဲ လာပြောနေရင် မသိချင်ယောင်ဆောင်ပြီး အဖတ်မလုပ်ပါနဲ့။ ရှောင်ထွက်သွားတာမျိုး၊ စကားလမ်းကြောင်းလွှဲတာမျိုးတွေသာ လုပ်လိုက်ပါ။

Social Media မှာအဆက်အသွယ်မလုပ်ပါနဲ့

အပြင်မှာတွေ့ရင်တော့ မကောင်းတတ်လို့ နှုတ်ဆက်တာမျိုးတွေ လုပ်လို့ရပါတယ်။ ဒါပေမယ့် social media မှာတော့ တကူးတက အဆက်အသွယ်လုပ်မနေပါနဲ့။ စကားသွားပြောတာ၊ ဖုန်းပြောတာ၊ comment တွေဝင်ရေးတာ စတာတွေကိုလည်း မလုပ်ပါနဲ့။ ဒီလူက ကိုယ့်အတွက် toxic ဖြစ်စေတဲ့လူဆိုတာကို သိနေပြီဆိုရင် အဆက်မသွယ်မလုပ်တော့ပဲ၊ မပတ်သက်တော့ပဲကို ရှောင်နေရမှာပါ။

လိုက်ခံစားမနေပါနဲ့

Toxic ဖြစ်စေတဲ့လူတွေ ပြောသမျှကိုသာ လိုက်ခံစားနေမယ်ဆိုရင်တော့ ကိုယ်ပဲ စိတ်ညစ်နွမ်းပြီး ပင်ပန်းရမှာပါ။ Toxic ဖြစ်တဲ့လူတွေကြောင့် စိတ်ဓာတ်ကျရတာ၊ အားငယ်ရတာမျိုးတွေတောင် ရှိပါတယ်။ ဒါကြောင့် သူတို့ဘာပြောပြော၊ ဘာလုပ်လုပ် ခံစားမနေပဲ ဒီလူကို ငါရှောင်ရမယ်၊ ငါ့ဘဝထဲကကို ဖယ်ထုတ်ပစ်ရမယ်ဆိုပြီးသာ တွေးလိုက်ပါ။ ဒါက ကိုယ့်အတွက် စိတ်သက်သာရာအရဆုံး ဖြစ်မှာပါ။