Stress အမျိုးမျိုးရှိတဲ့အထဲက Relationship ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကို ဘယ်လိုဖြေလျှော့နိုင်မလဲဆိုတဲ့ အကြောင်းအရာလေးကို ဝေမျှပေးချင်ပါတယ်။ တခြားစိတ်ဖိစီးမှုတွေ စိတ်ညစ်တာတွေထက် Relationship ကြောင့်ဖြစ်တဲ့ Stressက ပိုပြီးခံစားရတတ်ပြီး အချိန်လည်းပိုကြာတတ်ပါတယ်။

ဒါကြောင့် Relationshipကြောင့် ရလာတဲ့ Stress တွေကို လျော့ချနိုင်မယ့် ဒီနည်းလမ်းတွေက ချစ်သူစုံတွဲတိုင်းအတွက် အသုံးတည့်စေမှာ အသေအချာပါပဲ့နော်။

အလှအပကို ပိုပြီးအာရုံစိုက်လိုက်ပါ

ကိုယ့်ကိုယ်ကို အရင်ကထက်လှပလာစေဖို့ အလှအပကို ပိုပြီးအာရုံစိုက်လိုက်ပါ။ ပိုလှလာအောင်နေရင် အရင်ထက်တော့ ပိုပြီးစိတ်ချမ်းသာရပါတယ်။ Stressတွေလည်း လျော့သွားစေပါတယ်။

အတွေးတွေ အရမ်းမလွန်မိစေပါနဲ့

Stress အများဆုံးဖြစ်တဲ့သူတွေရဲ့ အဆိုးဆုံးအချက်က Overthinking ဖြစ်လွန်းတာပါပဲ။ ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်ပြီး စိတ်တွေပိုညစ်ပြီး စိတ်ဖိစီးမှုတွေ ပိုရတယ်။ ဒါကြောင့် Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချချင်တယ်ဆိုရင် ဘာကိုမှ အရမ်းမတွေးပါနဲ့။ ခေါင်းထဲအရမ်းမထည့်ပါနဲ့။ Overthinking မဖြစ်စေဖို့ သတိထားပါ။

အရာရာတိုင်းကို သင် Control မလုပ်နိုင်ဘူးဆိုတာ သတိပြုမိပါစေ

လူတစ်ယောက်ကို Control လုပ်ချင်တဲ့စိတ်၊ စိုးမိုးချင်တဲ့စိတ်က Control လုပ်ခံရတဲ့သူပဲ မွန်းကျပ်တာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပါ မွန်းကျပ်ပါတယ်။ စိတ်ဖိစီးရပါတယ်။ ကိုယ်လိုချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ကိုယ်ပဲ စိတ်တိုဒေါသထွက်ပြီး ပူလောင်ရပါတယ်။ လူတစ်ယောက်ကို ကိုယ့်စိတ်ကြိုက်ပုံသွင်းလို့လို့လည်းမရသလို ထိန်းချုပ်ထားလို့လည်း မရပါဘူး။ ဒါကြောင့် Relationship တစ်ခုကြောင့်ဖြစ်တဲ့ Stress တွေကို လျော့ချချင်တယ်ဆိုရင် အရာရာတိုင်းကို Control မလုပ်မိပါစေနဲ့။

ပုံအောပြီး မချစ်မိပါစေနဲ့

တချို့က အရမ်းအချစ်ကြီးကျတော့ ကိုယ့်ချစ်သူအပေါ်မှာပဲ အရာရာကို ပုံအောထားတယ်။ သူကလွဲရင် ဘာမှမမြင်တော့ဘူး။ ကိုယ့်အတွက်ကိုယ်တောင် မသိတော့ဘူး။ ဒီလို ပုံအောထားရင် ပိုပြီး ခံစားရတယ်။ ပိုပြီး စိတ်ဖိစီးရပါတယ်။