Negative ဖြစ်တဲ့ စိတ်ခံစားမှုတွေ၊ အတွေးတွေရှိနေရင် ဘယ်တော့မှအပြည့်အဝ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ အမြဲတမ်းစိတ်ညစ်ပြီး ပူလောင်နေရမှာပါ။ ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်သလို ဖြစ်နေမှာပါ။ ဒါကြောင့် ဒီလို negative ဖြစ်တဲ့ စိတ်ခံစားမှုနဲ့အတွေးတွေကို ထိန်းချုပ်ပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

တရားထိုင်ပါ

တရားထိုင်တာက negative ဖြစ်တဲ့ စိတ်ခံစားမှုနဲ့အတွေးတွေကို ကောင်းကောင်းထိန်းချုပ်ပေးနိုင်ပါတယ်။ စိတ်ကြည်လင်ပြီး စိတ်ချမ်းသာစေပါတယ်။ စိတ်ပင်ပန်းမှုတွေလျော့ကျစေလို့ မကောင်းတဲ့အတွေးတွေကိုလည်း ဖယ်ထုတ်ပေးပြီးသားဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို နေ့တိုင်း အချိန်တစ်ခုပေးပြီး သေချာလုပ်ပေးမယ်ဆိုရင်တော့ စိတ်က ဒီလေ့ကျင့်ခန်းလုပ်တဲ့ဆီပဲ ရောက်နေမှာဖြစ်လို့ တော်ရုံမကောင်းတဲ့ခံစားချက်တွေ မဝင်တော့ပါဘူး။ Negative ဖြစ်တဲ့ စိတ်ခံစားမှုနဲ့အတွေးတွေကိုလည်း လျော့ကျစေပါတယ်။

စိတ်ငြိမ်စေမယ့်အရာ၊ အာရုံစူးစိုက်ရမယ့်အရာကိုလုပ်ပါ

Negative ဖြစ်တဲ့ စိတ်ခံစားမှုနဲ့အတွေးတွေဝင်လာပြီဆိုရင် စိတ်ငြိမ်စေမယ့်အရာ၊ အာရုံစူးစိုက်ရမယ့်အရာတွေကို ရွေးလုပ်ပါ။ ဒီထဲကိုပဲစိတ်ရောက်နေတဲ့အတွက် ဘာမှမတွေးမိတော့သလို၊ ဘာကိုမှလည်း ခံစားချက်မရှိတော့ပါဘူး။

အကောင်းမြင်စိတ်ကိုပြောင်းလဲကြည့်ပါ

ဘယ်လောက်ပဲ မကောင်းတဲ့အတွေးတွေ၊ မကောင်းတဲ့စိတ်ခံစားမှုတွေ၊ အမြင်တွေရှိနေပါစေ အကောင်းမြင်စိတ်နဲ့ ကြိုးစားကြည့်ပါ။ အရာရာကို အကောင်းမြင်စိတ်ထားပြီး ပြောင်းလဲနိုင်ရင် negative ဆန်တာတွေအကုန်လုံး သူ့အလိုလိုပျောက်သွားမှာပါ။

ကိုယ်ပျော်တဲ့အရာတွေကိုလုပ်ပါ

Negative ဖြစ်တဲ့ စိတ်ခံစားမှုနဲ့အတွေးတွေကို အနိုင်ယူဖို့အတွက် ကိုယ်ပျော်တဲ့အရာတွေ အားလုံးကို လုပ်ကြည့်ပါ။ ဘာကိုမှအများကြီးမစဉ်းစားပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ပျော်အောင်ထားပါ။

စာများများဖတ်ပါ

စာများများဖတ်ရင် စိတ်နဲ့ အတွေးအခေါ်က အလိုလိုပြောင်းလဲပြီး ရင့်ကျက်လာပါတယ်။ ဒါကြောင့် စာများများဖတ်ပေးခြင်းဖြင့် မကောင်းတဲ့ negative ဆန်တဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေကို ဖျောက်ပစ်နိုင်ပါတယ်။