လူတိုင်းမှာ ပျော်ရတဲ့ရက်ရှိသလို စိတ်ညစ်တဲ့ရက်လည်း ရှိမှာပါပဲ။ ကောင်လေးတွေက အပြင်ပန်းမှာသာ စိတ်မာတယ်ထင်ရပေမယ့် တစ်ခါတလေ သူတို့တွေက မိန်းကလေးတွေထက် ပိုစိတ်ခံစားတတ်ကြပါတယ်။ တကယ်လို့ သင်ကောင်လေး ဒါမှမဟုတ် သင်ကြိတ်ချစ်နေရတဲ့သူတစ်ယောက် စိတ်ညစ်နေတဲ့အချိန် အရင်လို ပြန်ပြုံးလာအောင် ပျော်ရွှင်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သူ့ကို ထွေးပွေ့လိုက်ပါ

ဒါကတော့ ချစ်သူအချင်းချင်း ပြုလုပ်နိုင်တဲ့နည်းလမ်းပါ။ လေ့လာမှုတွေမှာ ပွေ့ဖက်လိုက်တာက အထီးကျန်စိတ်တွေ၊ တစ်ကိုယ်တည်းဖြစ်လို့ နာကျင်စိတ်တွေ၊ သောကတွေကို လျော့ပါးစေတဲ့ အောက်စီတိုစင် အဆင့် တိုးပွားတယ်လို့ သက်သေပြထားပါတယ်။

၂။ သူရင်ဖွင့်ပါစေ

ရင်ဖွင့်လိုက်တာက နာကျင်တဲ့ခံစားချက်တွေကို လျော့ပါးသွားစေပါတယ်။ သူက မပြောချင်ရင်တောင် ရင်ဖွင့်လာအောင် ကြိုးစားကြည့်ပါ။ သူရင်ဖွင့်လာတဲ့အချိန် ဂရုတစိုက်နားထောင်ပေးပါ။

၃။ သူ့အတွက်ဟင်းချက်ပေးပါ

သင်က ဟင်းချက်တတ်သူဆိုရင် သူကြိုက်တဲ့အရာတစ်ခုခုကို ချက်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သူ့စိတ်အပြောင်းအလဲဖြစ်စေပါတယ်။

၄။ သူ့ကို ချီးကျူးပေးပါ

တစ်ယောက်နဲ့တစ်ယောက် စစတွဲချင်းမှာတော့ ချီးကျူးတတ်ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ချီးကျူးဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် သူဘယ်လောက်ယောကျာ်းပီသကြောင်း ဘယ်လောက်ကြည့်ကောင်းကြောင်း၊ ဘယ်လောက်ထိ အားကိုးရကြောင်း ချီးကျူးပေးပါ။ သူပျော်သွားပါလိမ့်မယ်။

၅။ သူ့အကြောင်းကြွားလုံးထုတ်ပေးပါ

စိတ်ညစ်တယ်ဆိုတာ သူတို့ကိုယ်သူတို့ အားမရလို့ စိတ်ညစ်တာဖြစ်နိုင်ပါတယ်။ ဒီတော့ သူက တော်တဲ့လူတစ်ယောက်ဖြစ်ကြောင်း အမြဲမမေ့အောင် သင်က ပံ့ပိုးပြီး ပြောဆိုပေးပါ။

၆။ သူ့ကို နှိပ်ပေးပါ

သင့်ကောင်လေးစိတ်ညစ်တဲ့အခါ နောက်ကြောကို ဖွဖွလေးနှိပ်နယ်ပေးပါ။ လူတိုင်းလိုလို အကြောလျှော့ရတာကို ကြိုက်ပါတယ်။ သူ့ကို ဂရုစိုက်ပေးလိုက်ပါ။

၇။ သူ့အတွက် အချစ်စာလေးတွေရေးပေးပါ

သူ့ကို ဘယ်လောက်ချစ်ကြောင်း စာရေးပေးပါ။ အရင်ကထက် ပိုရိုအောင် ရေးပေးပါ။ သူပျော်သွားပါလိမ့်မယ်။