အသားအရည်အတွက် မဖြစ်မနေလိုအပ်တဲ့ ပရိုတင်း နှစ်မျိုးက Collagen နဲ့ Elastin ပါ။ခန္ဓာကိုယ်မှာ အပေါများဆုံး ပရိုတင်းက ကော်လာဂျင်ပါ။ ကော်လာဂျင်က အရိုးတည်ဆောက်မှု ကြံ့ခိုင်မှုအတွက် မရှိမဖြစ် လိုအပ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို ကူညီပေးပါတယ်။ ကျန်းမာတဲ့ ကော်လာဂျင်တွေက ကော်လာဂျင်ပါဝင်တဲ့ ဆဲလ်တွေကို သန်မာစေပြီး နုပျိုတဲ့အသွင်ကို ပေးစွမ်းနိုင်ပြီး အသားအရေကို နူးညံ့ ချောမွေ့စေပါတယ်။

ခန္ဓာကိုယ်အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင်တွေ လျော့နည်းလာပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကော်လာဂျင်အရည်အသွေးတွေက ကျဆင်းလာပါတယ်။ ဒါကြောင့် အသားအရည်ရဲ့ကော်လာဂျင်ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။

Vitamin C

Vitamin C က ကော်လာဂျင်ထုတ်လုပ်မှုအတွက် လူသိများပြီး ကော်လာဂျင်ထုတ်လုပ်မှုကို အန္တရာယ်ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုတို့ကနေ ကာကွယ်ပေးနိုင်တဲ့ Antioxidant များစွာ ပါဝင်ပါတယ်။ ဗီတာမင် C serum က အသားအရေကို နုပျိုစေပြီး နုပျိုချောမွေ့စေပါတယ်။

Aloe Vera

ဒဏ်ရာကို ရှားစောင်းလက်ပတ်လိမ်းလိုက်ရင် ကော်လာဂျင်ဖွဲ့စည်းမှုကို မြှင့်တင်ပေးနိုင်တာကြောင့် အနာကျက်စေပါတယ်။ ဒါ့အပြင် ကော်လာဂျင်ချိတ်ဆက်မှုကို အားကောင်းစေတာကြောင့် အရေပြားအသစ် ပြန်ဖြစ်ဖို့ကို လှုံ့ဆော်ပေးပါတယ်။

Creams နဲ့ Serums

Creams နဲ့ Serums က အသားအရည်ကို အစိုဓာတ်ထိန်းပေးတာကြောင့် အတိုင်းအတာတစ်ခုအထိ နုပျိုမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ကော်လာဂျင် ထုတ်လုပ်မှုကို အမှန်တကယ် တိုးလာစေတာမျိုးတော့ မဟုတ်ပေမယ့် Creams နဲ့ Serums တွေမှာပါတဲ့ အစိတ်အပိုင်းတွေက ဗီတာမင် C နဲ့ ဗီတာမင် E နဲ့ ferulic acid တို့လို ကော်လာဂျင်တွေကို တိုးပွားအောင် ကူညီပေးနိုင်ပါတယ်။

Suncream

အပြင်သွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ဖို့အတွက် နေရောင်ကာခရင်မ်ကို သုံးဖို့က မဖြစ်မနေလိုအပ်ပြီး ပြန်လိမ်းဖို့ကလည်း ပိုအရေးကြီးပါတယ်။ နေရောင်ခြည်က ကော်လာဂျင်ကို ပျက်ဆီးစေ တတ်တာကြောင့် ကော်လာဂျင်ကိုကာကွယ်ဖို့ SPF 30 နှင့်အထက် ခရင်မ်ကိုသုံးပါ။ သုံးနာရီတစ်ကြိမ်ထပ်လိမ်းပါ။