တစ်စုံတစ်ယောက်နဲ့ အလွယ်တကူ သူငယ်ချင်းဖြစ်နိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။ တစ်ယောက်ယောက်နဲ့ ခင်မင်မှုရဖို့ ဘယ်လိုလုပ်ရမှန်းမသိတဲ့သူတွေအတွက် အသုံးဝင်စေမှာပါ။

ပြုံးဖို့ဝန်မလေးပါနဲ့

အရင်ဆုံးလုပ်ရမှာက အပြုံးပါပဲ။ မပြုံးမရယ်နဲ့ ဆူပုပ်ပြီး အနေတည်ရင်တော့ ဘယ်သူမှ အရင်စပြီး မိတ်ဖွဲ့ရဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပြုံးဖို့ဝန်မလေးပါနဲ့။

စကားစပြောပြီးရင်းနှီးမှုရယူပါ

ကိုယ်က သူများနဲ့ခင်မင်ချင်တယ်ဆိုရင် စကားစပြောလိုက်ပါ။ လက်ရှိကြုံတွေ့နေတဲ့ အခြေအနေပေါ်မူတည်ပြီး စကားစလို့ရပါတယ်။ စကားစပြောပြီး ရင်းနှီးမှုရယူဖို့ ကြိုးစားကြည့်ပါ။

ပွင့်လင်းဖော်ရွှေပါ

တစ်ခွန်းမေးတစ်ခွန်းဖြေမလုပ်ပဲနဲ့ ပွင့်လင်းပြီး ဖော်ရွှေစွာ ပြောဆိုဆက်ဆံမယ်ဆိုရင် လူတိုင်းနဲ့ အပေါင်းအသင်းလုပ်ဖို့ လွယ်ကူပါတယ်။

တူညီတဲ့အကြောင်းအရာတွေပြောပါ

အကြောင်းအရာတစ်ခုခုပြောမိလို့ ဥပမာ သူနဲ့ကိုယ်နဲ့ အကြိုက်တူတာတွေရှိရင် အဲ့ဒီတူညီတဲ့အရာနဲ့ပတ်သက်တာတွေကို ပြောပြီးတော့ အတိုင်အဖောက်ညီညီနဲ့ ရင်းနှီးမှုရယူမယ်၊ စကားတွေပြောမယ်ဆိုရင် ပိုပြီးတော့ ရင်းနှီးလာပါလိမ့်မယ်။

ကိုယ့်အကြောင်းတွေဝေမျှပါ

ကိုယ့်အကြောင်းတွေကိုလည်း ပြောပြရင်းနဲ့ စကားပြောမယ်ဆိုရင် ဟိုဘက်ကလည်း သူ့အကြောင်းတွေ ပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် အကြောင်းသိကာ ပိုမိုရင်းနှီးလာပါမယ်။

များများသွားလာပါ

တွေ့မှပြောဆိုတာ၊ နှုတ်ဆက်တာမျိုးမလုပ်ပဲ အတူတူတွဲသွားတွဲလာလုပ်တာ၊ ချိန်းပြီးမုန့်စားတာ၊ လျှောက်သွားတာမျိုးတွေလည်း လုပ်ပေးပါ။

အသေးအမွှားလေးတွေကူညီပါ

ကြီးကြီးမားမားမဟုတ်ပဲ အလွယ်တကူကူညီလို့ရတဲ့ အသေးအမွှားကိစ္စလေးတွေဆိုရင် ကူညီပေးလိုက်ပါ။