သင်ကိုယ်တိုင်က စိတ်ပြောင်းသွားတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သစ္စာ ဖောက်ခံရလို့ပဲ ဖြစ်ဖြစ် ဘယ်အကြောင်း ကြောင့်ပဲဖြစ်ဖြစ် လမ်းခွဲခြင်း တစ်ခုဆီတိုင်းက ယူတတ်ရင် ယူတတ်သလို သင်ခန်းစာတွေ အများအပြား ပေးနိုင်ပါတယ်။ ဒီလမ်းခွဲခြင်းကနေ တဆင့် အသစ်တစ်ဖန် ပြန်စနိုင်သလို၊ သင့်ကိုယ်သင် ပိုတိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒီတော့ Breakup ခံစားချက်ကို အသုံးချကာ ပိုအောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ လုပ်နိုင်မယ့် အရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ လူတစ်ယောက်ယောက်ကို ကူညီပါ

သင်က ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး အတွေးတွေ မပျောက်နိုင်ရင် စိတ်အပြောင်းအလဲအနေနဲ့ လူတစ်ယောက်ယောက်ကို ကူညီတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို ကူညီပေးတာက သင့်စိတ်ကို အပြောင်းအလဲ ဖြစ်စေတဲ့အပြင် စိတ်ချမ်းသာစေနိုင်ပါတယ်။

၂။ စာဖတ်ပါ

စာဖတ်တာက သင့်ကို အတွေးသစ်တွေ ရစေပြီး လူသစ်စိတ်သစ် ဖြစ်စေပါတယ်။ သင်က စာဖတ်တာ ဝါသနာမပါရင် တစ်နေရာရာကနေ တစ်ခုခု သင်ယူနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက သင့်စိတ်ကို ပျော်ရွှင်စေပါတယ်။ ဘယ်အပတ်မှာ ဘယ်လေ့ကျင့်ခန်းကို လုပ်မယ်၊ ဘယ်ရက်နားမယ် စသဖြင့် အစောတည်းက ကြိုအစီအစဉ်တွေ ချထားသင့်ပါတယ်။

၄။ စကားပြောတာကို ဂရုစိုက်ပါ

သင်က အသည်းကွဲနေတဲ့အချိန်မှာ သင့်စိတ်က ပုံမှန် မဟုတ်ပါဘူး။ တစ်ခါတလေ အလိုလိုနေရင်း စိတ်တို ဒေါသထွက်နေနိုင်ပါတယ်။ ဒီလို ဖြစ်နေတဲ့အချိန် တခြားလူတွေအပေါ် ပြောတတ်တဲ့ စကားတွေကို သတိထားသင့်ပါတယ်။ မေတ္တာရှိတဲ့ စကားတွေကပဲ လူတွေအတွက် အကျိုးပြုပါလိမ့်မယ်။

၅။ တစ်ကိုယ်ကောင်းဆန်ပါ

ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် ဘယ်သူ့စကားကိုမှ ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ကာ တစ်ကိုယ်ကောင်းဆန်လိုက်သင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ပျော်ရွှင်အောင် ထားတာမျိုး လုပ်နိုင်ပါတယ်။

၆။ အမြဲ လေ့လာနေပါ

၆ လအတွင်း တက်ရမယ့် ပညာရပ်တစ်ခုခု ကိုရှာဖွေနိုင်ပါတယ်။ ဒီပညာရပ်ကို ၆ လအတွင်း တီးခေါက်မိအောင် အသေးစိတ် သင်ယူသင့်ပါတယ်။

၇။ ကျေးဇူးတင်ပါ၊ အတွေးတွေကို ချရေးပါ

သင့်ဘဝမှာ အချစ်ရေး ကံမကောင်းတော့ပေမယ့် မိသားစု ရှိပါသေးတယ်။ ကျေးဇူးတင်စရာ အရာတစ်ခုခုကတော့ ရှိနေမှာပါ။ ဒါအတွက် ကျေးဇူးတင် စာရင်း ရေးန်ိုင်သလို သင် ဖြစ်နေတဲ့ ခံစားချက်တွေကို စာအုပ်ထဲ ရေးနိုင်ပါတယ်။

၈။ စံသတ်မှတ်ချက်တွေ ချမှတ်ပါ

ရည်းစားမရှိတော့တာရဲ့ အားသာချက်အကြီးကြီးတစ်ခုကတော့ နောက်ရည်းစားမှာ အရင်ရည်းစားနဲ့ မတူတော့တဲ့၊ မကြိုက်တဲ့ အရာတွေကို မှတ်ပြီး ရှောင်နိုင်တာပါ။ ကိုယ့်အရင်ရည်းစားက သင် ကြိုက်တဲ့ ပုံစံမဟုတ်ရင် ထပ်ရမယ့် အသစ်မှာတော့ ဒီလို မဖြစ်စေရဘူးလို့ သတ်မှတ်ပါ။ ဒီလူရဲ့ အရည်အချင်းတွေကို သင်က သေချာ မှတ်ပြီး သင်ကိုယ်တိုင် ဒီလိုဖြစ်အောင် နေထိုင်ပါ။

၉။ တခြားသူတွေဆီက အတုယူပါ

သင့်လိုပဲ အသည်းကွဲနေတဲ့ အောင်မြင်နေသူတွေရဲ့ ရာဇဝင်တွေ ရှိမှာပါ။ သင်က ဒါတွေကို လိုက်ရှာရင်း ဒီလိုလူတွေဆီက အားအင်တွေယူနိုင်ပါတယ်။

၁၀။ သင့်ပုံစံကို ပြန်ပြင်ပါ

အရင်ရည်းစားနဲ့တုန်းက ဘာကြောင့် ပြတ်လဲ၊ သင့်လိုအပ်ချက် ဘာရှိလဲ တွေးနိုင်ပါတယ်။ ဒီလိုပဲ သင့်စတိုင်၊ သင့် အမူအရာတွေကိုပါ ပိုကောင်းတဲ့ဆီ ပြောင်းလဲနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar