ကိုယ့်ရဲ့တစ်နေ့တာမှာ stress နည်းအောင်နေနိုင်ရင် စိတ်ချမ်းသာရတာပါပဲ။ Stress တွေများနေရင် ပျော်စရာရှိတာတောင် အပြည့်အဝမပျော်ရွှင်နိုင် ဖြစ်ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာမှာ stress နည်းပြီး စိတ်ပေါ့ပါးအောင် နေနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့အချိန်ကုန်ပါ
ကိုယ့်အိမ်မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးထားတယ်ဆိုရင် သူတို့လေးတွေနဲ့ အချိန်ကုန်ကြည့်ပါ။ စိတ်ပျော်ရွှင်ရပြီး စိတ်ပင်ပန်းမှုတွေ၊ stress တွေလည်း လျော့ကျစေပါတယ်။
ရုပ်ရှင်ကြည့်ပါ
ကိုယ့်ရဲ့တစ်နေ့တာမှာ အားတဲ့အချိန်ကို ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်ရတာက အပျင်းပြေပြီး stress တွေလည်း လျော့ကျစေပါတယ်။
သီချင်းနားထောင်ပါ
ကိုယ်ကြိုက်တဲ့သီချင်းတွေ နားထောင်ရင်းနဲ့လည်း stress တွေကို လျှော့ချနိုင်ပါသေးတယ်။ Stress အရမ်းများတဲ့နေ့တွေဆိုရင် ကာရာအိုကေသွားတာမျိုး၊ သီချင်းနဲ့ကခုန်တာမျိုးတွေ လုပ်ကြည့်လိုက်ပါ။
အရသာရှိတာတွေစားပါ
အရသာရှိတဲ့အစားအသောက်တွေကို စားပေးခြင်းက လူတွေရဲ့စိတ်ခံစားချက်ကို အကောင်းဘက်ပြောင်းပေးနိုင်ပြီး စိတ်ကျေနပ်မှု ရစေပါတယ်။ ဒီတော့ stress တွေလည်း လျော့ကျစေတာပေါ့။
တရားထိုင်ပါ
စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှု stress တွေ အားလုံးပျောက်ပြီး စိတ်ချမ်းသာစေဖို့၊ စိတ်တည်ငြိမ်အေးချမ်းစေဖို့ တရားထိုင်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်အချိန်ပေးပြီး တရားထိုင်ပါ။
Overthinking မဖြစ်ပါနဲ့
Overthinking ဖြစ်တဲ့သူက သူများထက်ပိုပြီးတော့ stress ပိစေပါတယ်။ မဖြစ်သေးတဲ့အရာတွေကိုလည်း ကြိုတွေးပြီး စိတ်ဖိစီးမနေနဲ့။ ဖြစ်ပြီးတာတွေကိုလည်း ပြန်တွေးပြီး စိတ်ညစ်မခံပါနဲ့။ ဒါဆိုရင်တော့ သင့်ရဲ့တစ်နေ့တာမှာ stress တွေ သိသိသာသာ လျော့နည်းသွားမှာပါ။
ကောင်းတာတွေပဲတွေးပါ
ကောင်းတာတွေပဲ အမြဲတွေးတတ်တဲ့သူက စိတ်ညစ်စရာတွေ၊ အဆင်မပြေတာတွေ ကြုံတွေ့ရရင်တောင် အကောင်းဘက်ကို ပြောင်းတွေးနိုင်တဲ့အတွက် သူများထက်ပိုပြီး စိတ်သက်သာရာရစေသလို စိတ်ဖိစီးမှုတွေ stress တွေလည်း လျော့နည်းစေပါတယ်။