တချို့ကျတော့ စိတ်ခံစားချက်နဲ့ပတ်သက်လာရင် အရမ်း sensitive ဖြစ်လွယ်ပါတယ်။ တစ်ခုခုဆို ဘာမဟုတ်တာလေးကအစ တွေးပြီးဝမ်းနည်းတာ၊ ကိုယ့်အပေါ် လေသံလေးပြောင်းသွားတာကအစ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုးတွေဖြစ်တာက ကိုယ်ပဲပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရပါတယ်။ ဒါကြောင့် စိတ်ခံစားချက်နဲ့ပတ်သက်ပြီး အရမ်း sensitive ဖြစ်လွယ်တာကို လျော့ကျသွားစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Overthinking မဖြစ်ပါနဲ့

စိတ်ခံစားချက်နဲ့ပတ်သက်ပြီး အရမ်း sensitive ဖြစ်တဲ့သူတွေ၊ ခံစားလွယ်တဲ့သူတွေ တော်တော်များများက overthinking သမားတွေများပါတယ်။ တစ်ခုခုဆို ကိုယ့်အတွေးနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး နှိပ်စက်နေတာပါ။ တစ်ခုခုကို သေးသေးလေးကို အကြီးကြီးဖြစ်တဲ့အထိတွေးပြီး ခံစားနေကြတာပါ။ ဒီလိုမျိုးတွေမဖြစ်ရအောင် အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်ကို သေချာထိန်းချုပ်ပါ။ အရမ်းမတွေးပါနဲ့။ အတွေးတွေများလာပြီဆို အာရုံပြောင်းပြီး တစ်ခုခုလုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

သူများကိုမမှီခိုပါနဲ့

သူများကိုပဲမှီခိုနေရင် အားငယ်စိတ်ပိုဝင်ပါတယ်။ ခံစားလွယ်ပြီး စိတ်နုပါတယ်။ ဒါကြောင့် ဘယ်သူမှမရှိလည်းဖြစ်တယ်၊ တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ်နဲ့ နေပါ။ Strong ဖြစ်အောင်နေပါ။ ကိုယ့်ပျော်ရွှင်မှုက ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။ ဘယ်သူရှိမှ ပျော်ရွှင်ရမယ်ဆိုတဲ့စိတ်မျိုး မထားပါနဲ့။ တစ်ခုခုဆို ပိုခံစားရနိုင်ပါတယ်။

ရင်ဖွင့်ပါ

စိတ်ခံစားချက်လွယ်တဲ့သူတွေ အရမ်း sensitive ဖြစ်ပြီး အတွေးလွန်တတ်တဲ့သူတွေက တစ်ယောက်ထဲဖြေရှင်းတာ၊ တစ်ယောက်ထဲ ထိုင်စဉ်းစားနေတာတွေထက်စာရင် ကိုယ့်အပေါ်ကောင်းတဲ့သူ တစ်ယောက်ယောက်ကို ရင်ဖွင့်တာက ပိုပြီးအဆင်ပြေပါတယ်။ သူတို့ဆီက ပြောပြချက်တွေကိုနားထောင်ပြီး ငါတွေးတာမှားေနေပါလား၊ ငါပဲ အတွေးလွန်နေပါလားဆိုပြီး စဉ်းစားမိလာပါမယ်။ ပိုပြီးလည်း စိတ်သက်သာရာရလာပါမယ်။

စာများများဖတ်ပါ

စားများများဖတ်ပေးခြင်းက ကိုယ့်ရဲ့အတွေးအခေါ်အယူအဆတွေကို ပြောင်းလဲသွားစေပါတယ်။ ရင့်ကျက်လာစေတယ်။ Strong ဖြစ်လာစေပါတယ်။ ဒါကြောင့် ဘဝအတွက် အကျိုးရှိမယ့်စာအုပ်တွေ၊ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတဲ့ စာအုပ်တွေကို များများဖတ်ပေးပါ။