မပျော်လို့စိတ်ညစ်နေတဲ့သူတွေအနေနဲ့ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင် လုပ်နိုင်မယ့် အလွယ်ကူဆုံးသောနည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။ နေ့စဉ်လုပ်ပေးသွားမယ်ဆိုရင် ပျော်ရွှင်လာမှာပါ။

တရားထိုင်ပါ

တရားထိုင်ပေးခြင်းက စိတ်ကိုတည်ငြိမ်ပြီး အေးချမ်းစေသလို စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်နေတာတွေလည်း လျော့ကျသွားစေပါတယ်။

နေ့စဉ် Gratitude List လုပ်ပါ

သေးသေးမွှားမွှားလေးကအစ ကျေးဇူးတင်ပြီး စိတ်ကျေနပ်တတ်ရင် ပျော်စရာတွေများပါတယ်။ နေ့စဉ် Gratitude List လုပ်ပါ။ ဒီနေ့မှာ ဘယ်လိုကောင်းတာလေးတွေဖြစ်ခဲ့လဲ၊ ဘယ်လိုအရာတွေက ကျေးဇူးတင်စရာကောင်းလဲ၊ စိတ်ပျော်စရာကောင်းခဲ့လဲဆိုတာကို ချရေးပါ။ အသေးအမွှားလေးတွေပေမယ့် ကိုယ့်မှာ ဘယ်လောက်တောင် ပျော်စရာတွေများလဲဆိုတာကို မြင်လာပါလိမ့်မယ်။

ဝေဖန်ကဲ့ရဲ့ခြင်းကိုရှောင်ပါ

ကိုယ့်ကိုယ်ကို ဝေဖန်ကဲ့ရဲ့တာမျိုးလည်း မလုပ်ပါနဲ့၊ သူများကို ဝေဖန်ကဲ့ရဲ့တာမျိုးလည်း မလုပ်ပါနဲ့။ ဝေဖန်ကဲ့ရဲ့တာက စိတ်ညစ်နွမ်းစေပြီး Negative Energy တွေပဲတိုးလာစေတဲ့အတွက် မကောင်းပါဘူး။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

စိတ်ပေါ့ပါးလန်းဆန်းပြီး Active ဖြစ်အောင်၊ စိတ်ပျော်ရွှင်လာအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ Relax ဖြစ်ဖို့အတွက် လုပ်တာပဲဖြစ်ဖြစ်၊ Body လှဖို့ လုပ်တာပဲဖြစ်ဖြစ် ကိုယ်စိတ်ကြိုက်လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့နေ့ဆိုရင် အားကစားတစ်ခုခုလုပ်တာမျိုး၊ ရေကူးတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

အာရုံစုစည်းနိုင်မယ့်အရာတွေလုပ်ပါ

ပန်းချီဆွဲတာ၊ ချည်ထိုးတာ၊ စာဖတ်တာ စသဖြင့် အာရုံစုစည်းနိုင်မယ့်အရာတွေကို လုပ်ပေးခြင်းက စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေကာ စိတ်သက်သာရာရစေပါတယ်။ စိတ်ပျော်ရွှင်မှုလည်း ရရှိစေပါတယ်။

ကိုယ့်အလုပ်ကိုချစ်ပါ

ကိုယ်လုပ်နေတဲ့အလုပ်ကိုမချစ်ရင် အလုပ်လုပ်နေရတာက စိတ်ပင်ပန်းပြီး အလုပ်လုပ်ရမယ့်အချိန် ရောက်မှာကိုတောင် ကြောက်နေတတ်ပါတယ်။ ကိုယ့်အလုပ်ကိုချစ်မှ အလုပ်လုပ်ရတာပျော်ရွှင်ပြီး လုပ်နိုင်စွမ်းတွေလည်း တိုးတက်လာမှာပါ။

အိပ်ရေးဝအောင်အိပ်ပါ

ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ စိတ်ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် အိပ်ရေးဝအောင်အိပ်ဖို့ လိုအပ်ပါတယ်။

အများကြီးမတွေးပါနဲ့

အတွေးတွေများလေ မကောင်းတဲ့အတွေးတွေဝင်လာပြီး စိတ်ညစ်လာလေ၊ မပျော်လာလေ ဖြစ်နေမှာပါ။ ဒီတော့ ပျော်ရွှင်ချင်တယ်ဆိုရင် လုံးဝမလုပ်ရမယ့်အရာကတော့ အများကြီးမတွေးဖို့ပါပဲ။