သူများတွေလို အရမ်းချင်ရတဲ့ သူငယ်ချင်းတွေ မရှိတဲ့သူ၊ အပေါင်းအသင်းရှားတဲ့သူတွေအတွက် တစ်ယောက်ထဲလည်း ပျော်ရွှင်အောင် နေလို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်နှစ်သက်တဲ့အရာတွေကိုလုပ်ပါ

ကိုယ်နှစ်သက်တဲ့အရာတွေ၊ ကိုယ်ဝါသနာပါတာတွေကို လုပ်နေရရင် ပျော်ရွှင်ရပါတယ်။ ဒီအရာတွေကိုလုပ်ပြီး အချိန်ကုန်နေလိုက်ရင် ကိုယ့်အတွက်လည်း အကျိုးရှိပြီး စိတ်ချမ်းသာမှု ရစေပါတယ်။

မိသားစုနဲ့အချိန်ကုန်ဆုံးပါ

သူငယ်ချင်းမရှိလည်း မိသားစုရှိတာကြောင့် မိသားစုနဲ့သာ ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးလိုက်ပါ။ မိသားစုနဲ့ အပြင်သွားတာ၊ မုန့်လျှောက်စားတာ၊ ရုပ်ရှင်ကြည့်တာ၊ ခရီးထွက်တာ အားလုံးလုပ်လို့ရပါတယ်။

ခွေး၊ ကြောင်မွေးပါ

ကိုယ်ချစ်တဲ့ တိရိစ္ဆာန်လေးတွေ ခွေးလေးတွေ ကြောင်လေးတွေမွေးတာက အရမ်းအဖော်ရပြီး စိတ်ပျော်ရွှင်ရပါတယ်။ အထီးကျန်တဲ့စိတ်ကို ဖြေဖျောက်ပေးနိုင်တဲ့သူလေးတွေပါ။ သူငယ်ချင်းမရှိလည်း သူတို့လေးတွေရှိရင်ကို စိတ်ချမ်းသာနေရသလို ခံစားမှုမျိုး ရစေပါတယ်။

Volunteer လုပ်ပါ

သူငယ်ချင်းအပေါင်းအသင်းမရှိလို့ ဝမ်းနည်းနေမယ့်အစား၊ အထီးကျန်နေမယ့်အစား Volunteer လုပ်ပါ။ အသိမိတ်ဆွေတွေလည်း ပေါများလာမယ့်အပြင် ကုသိုလ်လည်းရစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ကျန်းမာရေးအတွက်လည်း ကောင်းသလို ခန္ဓာကိုယ်လည်း လှပလာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

Social Media လျှော့သုံးပါ

Social media ကို အရမ်းသုံးတာဟာ စိတ်ဖိစီးမှုရစေပါတယ်။ စိတ်နုတဲ့သူတွေဆိုရင် သူများသူငယ်ချင်းပုံတွေကြည့်ပြီး အားကျပြီး ဝမ်းနည်းလာတာမျိုး၊ အားငယ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Social Media ကိုလျှော့သုံးပြီး တကယ့်လက်တွေ့ဘဝမှာသာ ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကို များများလုပ်ပေးပါ။ ကျန်တာတွေကို ခေါင်းထဲမထည့်ပါနဲ့။