တစ်ခါတစ်လေကျရင် ဘယ်သူနဲ့မှမတွေ့ပဲ တစ်ယောက်ထဲ သီးသန့်နေချင်တဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။ တစ်ယောက်ထဲနေချင်တယ်ဆိုပြီး ဟိုတွေးဒီတွေးနဲ့ မှိုင်နေမယ်ဆိုရင်တော့ စိတ်ညစ်စရာကောင်းပါတယ်။ ဒါကြောင့် တစ်ယောက်ထဲနေချင်တဲ့အချိန်တွေမှာလည်း စိတ်ပျော်ရွှင်အောင်ထားနိုင်မယ့် အရာတွေကို မျှဝေပေးလိုက်ပါတယ်။

စာအုပ်ဖတ်ပါ

တစ်ယောက်ထဲနေပြီး ကော်ဖီလေးတစ်ခွက်နဲ့ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ အေးချမ်းတဲ့နေရာ ရှုခင်းနေရာလေးတွေမှာထိုင်ပြီး စိတ်ချမ်းသာစရာ၊ ရယ်မောစရာ စာအုပ်တွေဖတ်တာပဲဖြစ်ြဖ်စ လုပ်နေလို့ရပါတယ်။ စိတ်အေးချမ်းပြီး ပျော်ရွှင်ရသလို အပျင်းလည်းပြေစေပါတယ်။

ယောဂကျင့်ပါ

တစ်ယောက်ထဲနေချင်တဲ့အချိန်တွေမှာ ဘာလုပ်ရမှန်းမသိရင် အိမ်မှာပဲ ယောဂကျင့်ပါ။ ယောဂကျင့်တာက စိတ်တည်ငြိမ်ပြီး စိတ်ပျော်ရွှင်မှုရစေပါတယ်။ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး စိတ်ကြည်လင်စေပါတယ်။ Body လှစေသလို mental health အတွက်လည်း အထောက်အကူဖြစ်တာကြောင့် လေ့ကျင့်ခန်းမလုပ်ရင်တောင် ယောဂတော့လုပ်ပေးသင့်ပါတယ်။

ရုပ်ရှင်ကြည့်ပါ

တစ်ယောက်ထဲနေတဲ့အချိန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်တွေ၊ ကြည်နူးစရာကောင်းတဲ့ ရုပ်ရှင်တွေ၊ ရယ်မောရတဲ့ရုပ်ရှင်တွေကို ကြည့်ပေးခြင်းကလည်း စိတ်ပျော်ရွှင်မှုရစေပါတယ်။ အပျင်းလည်းပြေစေသလို relax လည်း ဖြစ်စေပါတယ်။

တိရိစ္ဆာန်လေးတွေနဲ့အချိန်ကုန်ပါ

တိရိစ္ဆာန်ချစ်တဲ့သူတွေကတော့ တစ်ယောက်ထဲနေချင်တဲ့အချိန်တွေမှာ လူတွေနဲ့သာ မတွေ့ချင်ကြတာ တိရိစ္ဆာန်လေးတွေနဲ့ဆိုရင်တော့ ပျော်ရွှင်နေတတ်ပါတယ်။ သူတို့လေးတွေကလည်း လူတွေကို စိတ်ပျော်ရွှင်မှုပေးတဲ့ အကောင်လေးတွေပါ။ ဒါကြောင့် သူတို့နဲ့ အချိန်ကုန်ဆုံးတာမျိုး၊ လမ်းလျှောက်ထွက်တာမျိုး၊ သူတို့စားဖို့အတွက် ပြင်ဆင်ပေးတာမျိုးတွေလည်း လုပ်ပေးလို့ရပါတယ်။