ပျော်ရွှင်မှုလို့ ပြောလိုက်ကြရင် တချို့က စိတ်ခံစားမှုက လာတယ်လို့ ပြောတတ်ကြပေမယ့် တချို့ကလည်း ရာထူး၊ ပိုက်ဆံနဲ့ ပစ္စည်းပိုင်ဆိုင်မှုတွေလို့လည်း ပြောတတ်ကြပြန်ပါတယ်။ သင်ကော ဘယ်လိုထင်မိလဲ ?

ပျော်ရွှင်ဖို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာ လူတွေရဲ့အကြိုက်လိုက်ပြီး ပေါင်းသင်းဆက်ဆံရတာ၊ အောင်မြင်မှုနောက်လိုက်ရတာ၊ အချစ်ကိုရှာဖွေတာတွေကကော တကယ်ကြီး ပျော်နိုင်ပါ့မလား ?

ဒါတွေမရှိဘဲ တစ်ယောက်တည်းဆိုရင်ကော မပျော်ရွှင်ရတော့ဘူးလား ? တစ်ယောက်တည်းနေတတ်တဲ့ Introverts တွေဟာ သူတို့ရဲ့ သဘာဝကိုက ရှက်တတ်ပြီး သီးသန့် နေတတ်ပါတယ်။ တစ်ယောက်တည်းနေရတဲ့အခါ အထီးမကျန်ဘဲ တစ်ကိုယ်တည်း ပျော်ရွှင်နေနိုင်ပါတယ်။

ဒါကြောင့် တစ်ယောက်တည်းနေရလည်း ဘဝကို ပျော်ပျော်ကြီးနေနို်င်ဖို့ အချက်လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

အချိန်ပို

Single တယောက်အနေနဲ့ အားသာချက်တစ်ခုကတော့ တခြားလူကို အချိန်ပေးစရာမလိုတာကြောင့် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တာလုပ်လို့ရပါတယ်။

ကန့်သတ်ချက်မရှိတာ

ဒါက သင့်ရဲ့ကိုယ်ပိုင်ဘဝပါ။ သင့်ဘဝကို သင့်စိတ်ကြိုက်နေနိုင်ပြီး ကန့်သတ်မယ့်လူမရှိလို့ ဘယ်သူ့ကိုမှ ဖြေရှင်းချက်တွေ ရှင်းပြချက်တွေ ပေးနေဖို့ မလိုပါဘူး။ ဒါကြောင့် သင့်ဘဝကို စိတ်ကြိုက်ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ။

Solo List

သင်လုပ်ချင်တာတွေကို စာရင်းပြုစုထားပြီး တစ်ယောက်တည်းနေရတဲ့အခါ စာဖတ်ခြင်း၊ တီဗီကြည့်ခြင်း၊ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်း စတဲ့ သင်လုပ်ချင်တာတွေကို တခုခြင်းစီ အကောင်အထည်ဖော်လို့ရပါတယ်။

ချစ်ပါ

“တခြားလူမရှိလည်း ငါပြီးပြည့်စုံတယ်ဆိုတာ ငါသိတယ်” ၊ “ဘဝမှာ ပျော်ရွှင်ဖို့အတွက် ငါ့မှာလိုအပ်တာအားလုံးရှိတယ်” စတဲ့အတွေးတွေအမြဲတွေးရင်း ကိုယ့်ကိုယ်ကို အချစ်တွေအများကြီးနဲ့ ပိုချစ်ပေးပါ။ ဒါဆိုရင်တော့ ဘဝကြီးက အချစ်တွေနဲ့ပြည့်စုံပြီး အမြဲပျော်ရွှင်နမှာ အသေချာပါ။

ဝါသနာပါတာကိုလုပ်ပါ

သင်ဝါသနာပါတဲ့အရာတွေကို လုပ်နေရတဲ့အခါ စိတ်ကပျော်ရွှင်နေတာကြောင့် စိတ်ခံစားမှုကို နည်းလမ်းများစွာနဲ့ အကျိုးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သင့်ဝါသနာက တခြားလူတွေရဲ့ဘဝကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်တဲ့အလုပ်မျိုးဆို ကုသိုလ်တောင် ပိုလို့ရပါသေးတယ်။