ဘဝမှာ အရမ်းကို စိတ်ဓာတ်ကျလောက်အောင် စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူတိုင်းလိုလိုကြုံတွေ့ဖူးကြမှာပါ။ ဘယ်လောက်ပဲစိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ရပါစေ ပြန်လည်ပျော်ရွှင်အောင်၊ ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားရမှာပါပဲ။ စိတ်ညစ်တယ်ဆိုပြီး ထိုင်ဘူနေရင်တော့ ပိုဆိုးဖို့ပဲရှိပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ခဲ့ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

အကောင်းဘက်ကတွေးပါ

ဘယ်အရာမဆို အဆိုးဘက်ကနေအရင်မတွေးပဲ ကောင်းတဲ့ဘက်ကို ပြောင်းတွေးကြည့်လိုက်ပါ။ မှန်နေသည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေ အနည်းဆုံးတော့ ကိုယ့်စိတ်သက်သာရာရစေပါတယ်။ အကောင်းဘက်ကနေ တွေးတာများရင် စိတ်ချမ်းသာရပါတယ်။

ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ လိုက်ပြီးနှိုင်းယှဉ်နေရင်တော့ စိတ်ညစ်နေရမှာပါပဲ။ ဒီတော့ အောင်မြင်ချင်ရင် ကြိုးစားပြီး လှချင်ရင် လှအောင်နေပါ။ စိတ်ချမ်းသာပျော်ရွှင်အောင်သာ နေပါ။ သူများနဲ့လိုက်နှိုင်းယှဉ်နေတာက ကိုယ့်စိတ်ကို အောက်ဆုံးထိရောက်အောင် ကိုယ်တိုင်ဆွဲချနေတာပါပဲ။

အရာရာလိုက်ဂရုစိုက်မနေပါနဲ့

လူတွေရဲ့အပြုအမူ၊ အပြောအဆိုတွေကို လိုက်ဂရုစိုက်နေသရွေ့တော့ နာကျင်နေရအုံးမှာပါပဲ။ အရာရာကို ပေါ့ပေါ့ပါးပါးပဲတွေးပြီး စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါ။ လူတွေကို လျစ်လျူရှုထားနိုင်အောင် ကြိုးစားပါ။ ကိုယ့်စိတ်တိုင်းကျနေထိုင်ပြီး ကိုယ်ပျော်မယ်ထင်တာသာလုပ်ပါ။ ဘယ်သူ့မှဂရုစိုက်မနေပါနဲ့။

ကိုယ့်ကိုယ်ကိုအားပေးပါ

ငါလုပ်နိုင်တယ်၊ ငါဖြစ်နိုင်တယ်၊ ငါတော်တယ်၊ အဆင်ပြေသွားမှာ စသဖြင့် ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူဆီက အားပေးကူညီမှုတွေကို မျှော်လင့်နေမယ့်အစား ငါ့အတွက်ငါရှိတယ်ဆိုတဲ့စိတ်နဲ့သာ နေထိုင်ပါ။ ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်လာမယ့်အပြင် strong ဖြစ်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ

ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ ကောင်းတာတွေများများလုပ်ပြီး စိတ်ချမ်းသာအောင်နေပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ပျော်အောင်ထားပါ။ ဒါဆိုရင် စိတ်ရောလူပါ အမြဲတမ်းပျော်ရွှင်နိုင်ပါတယ်။

ပြုံးရယ်ဖို့ မမေ့ပါနဲ့

ဘာကိစ္စပဲရှိနေပါစေ များများပြုံးပါ၊ များများရယ်ပါ။ ပျော်စရာတွေကို များများဖန်တီးပြီးနေပါ။ စိတ်ညစ်စရာတွေကို အဝေးပို့ပြီး ပျော်စရာတွေကိုပဲယူပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေ၊ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ပဲနေပါ။ ကိုယ့်အတွက် စိတ်ရောလူပါ ပျော်ရွှင်မှုရစေပါလိမ့်မယ်။