MyStyle Myanmar ပရိသတ်ကြီးရေ…မဂ်လာပါနော်။ ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ချစ်သူစုံတွဲတွေကြား စိတ်အခန့်မသင့်လို့ ရန်ဖြစ်တိုင်း အဆုံးသတ်သွားတဲ့အချစ်ရေးမျိုး မဖြစ်ရလေအောင် ရှောင်ရှားသင့်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ချစ်သူစုံတွဲတိုင်း ငြင်းခုန်ပြီး ရန်ဖြစ်တတ်ကြတာကတော့ သဘာဝပါပဲ့။ ဒါပေမဲ့ စိတ်သဘောထားချင်းမတိုက်ဆိုင်မှုက မကြာခဏဖြစ်နေမယ်ဆိုရင်တော့ စိတ်ပျက်ဝမ်းနည်းဖို့ကောင်းတဲ့အကျိုးရလဒ်တွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။

အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ပြီး ပြတ်စဲသွားတဲ့အချစ်ရေးမျိုး မဖြစ်ရလေအောင် ချစ်သူစုံတွဲတွေ ဖြစ်နေကျ ငြင်းခုံစကားများရန်ဖြစ်တာတွေကို ဘယ်လိုရှောင်တိမ်းသင့်သလဲဆိုတဲ့နည်းလမ်းကောင်းလေးတချို့ကို ပြောပြပေးလိုက်ပါတယ်။

ဝေဖန်ခြင်း

သင့်လက်တွဲဖော်ရဲ့ စိတ်နေစိတ်ထားအပြုအမူကို ဝေဖန်ခြင်းက အခြေအနေကို ပိုဆိုးရွားစေပါတယ်။ အထူးသဖြင့် သင်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြောဆိုရင် ပိုဆိုးပါတယ်။ သင့်ချစ်သူကို စော်ကားရာလည်း မရောက်အောင် သင့်ကိုစိတ်ရှုပ်ထွေးစေတဲ့ သူ့ရဲ့အမူအကျင့်ကို တိတိကျကျပြောပြလိုက်ပါ။

စိတ်ခံစားချက်တွေကို ဈေးတွက် တွက်မိခြင်း

သင့်ခံစားချက်ကို သူ့ကို ပြောပြသလို သူ့ခံစားချက်ကိုလည်း သင်က ပြန်လည်မေးမြန်းပါ။ သူတို့ရဲ့စိတ်ခံစားချက်ကိုလည်း သင်က ဂရုစိုက်အလေးထားကြောင်း ပြသပေးပါ။

အထင်မြင်သေးခြင်း

မိမိက မိမိချစ်သူထက် အမြဲတမ်းသာလွန်တယ်ဆိုပြီး အာဏာပြနေတဲ့အခါ တစ်ဖက်လူကို သိမ်ငယ်စိတ်ဝင်စေပြီး သူတို့က သင့်အတွက် သင့်တော်တဲ့လူတစ်ယောက်မဟုတ်ဘူးလို့ တွေးမိစေပါတယ်။ အဲ့ဒီလိုမတွေးစေဘဲနဲ့ အခက်အခဲတစ်စုံတစ်ရာကြုံလာရင် အတူတူအဖြေရှာခြင်းက သင့်တို့အချစ်ကို ခိုင်မြဲစေပါတယ်။

အကြောင်းအရာတစ်ခုခုကို ထပ်တလဲလဲပြောခြင်း

ရန်ဖြစ်ပြီးသားအကြောင်းအရာတွေ၊ အရင်က အထင်လွဲစရာတွေကို အပြန်ပြန်အလှန်လှန်အစဖော်ခြင်းက ရန်ပွဲအစပြုတာပါပဲ။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာကိုပဲ တိုက်ရိုက်ပြောချပါ။ ပြဿနာကို ဖြေရှင်းပြီးသွားရင်လည်း စိတ်ထဲမှာတနုံ့နုံ့နဲ့ ခံစားမနေဘဲ အဲ့ဒီအကြောင်းအရာကို မေ့ပစ်လိုက်ပါ။

အတွေးလွန်ခြင်း

သင့်ကောင်လေးက သင့်အနားမှာ တစ်ချိန်လုံးရှိမနေနိုင်ပါဘူး။ အဲ့လိုအချိန်မျိုးမှာ စိတ်မချဘဲ သဝန်တိုပြီး ပေါက်ကရအတွေးတွေကို လျှောက်တွေးနေမယ်ဆို ကိုယ်ကိုယ်တိုင်လည်း စိတ်ပင်ပန်းနေမှာဖြစ်ပြီး ရန်ပွဲတွေဆက်တိုက်ဖြစ်စေမှာပါ။

စိတ်ကူးအကြံဉာဏ်တွေကို လေးစားမှုမရှိခြင်း

မိမိချစ်သူရဲ့စိတ်ကူးနဲ့ အကြံဉာဏ်ကို လျစ်လျူရှူထားခြင်းက ငြင်းခုန်မှုကို ဖြစ်စေပါတယ်။ အခြေနေအချိန်အခါကို လိုက်လျောညီထွေမှုရှိခြင်းဖြင့် ကတောက်ကဆဖြစ်ခြင်းမှ ရှောင်ကြဉ်လိုက်ပါ။

အပြစ်တင်ခြင်း

ဖြစ်ပျက်ပြီးသွားတဲ့ ကိစ္စတစ်ခုကို ဘယ်သူ့မှာအပြစ်ရှိတယ်ဆိုပြီး စကားရည်လုနေလို့လည်း အပိုပါပဲ။ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကိုသာ ခေါင်းအေးအေးနဲ့ အတူတူစဉ်းစားသင့်ပါတယ်။

Source: Brightside.me