မျက်လုံးအောက်ကို မျက်ကွင်းညိုတာဖုံးဖို့အတွက် concealer လိမ်းတဲ့အခါမှာ လိမ်းပုံလိမ်းနည်း မှားနေရင် မျက်လုံးအောက်နား concealer လိမ်းထားတာက တွန့်နေတဲ့ပုံစံမျိုး cakey ဖြစ်နေတဲ့ပုံစံမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် မျက်လုံးအောက်ကို concealer လိမ်းတဲ့အခါ crease-free finish look လေးရအောင် လိမ်းရမယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

Hydration

မျက်လုံးအောက်ကို concealer လိမ်းတဲ့အခါ crease-free look ရချင်တယ်ဆိုရင်တော့ hydration is key ပါပဲ။ Skincare သေချာလိမ်းပါ။ ပြီးရင် မျက်လုံးအောက်ကို eye cream သေချာလိမ်းပေးပါ။

အသားထဲစိမ့်ဝင်အောင် eye cream ကို သေချာလိမ်းပေးပြီးမှသာ concealer လိမ်းရပါမယ်။ မျက်လုံးအောက်နား အသားအရေက ခြောက်သွေ့နေရင် hydration ပြည့်ဝမှုမရှိရင် concealer လိမ်းတဲ့အခါမှာ apply လုပ်ရတာခက်ပြီး cakey ဖြစ်တာမျိုး တွန့်တာမျိုးတွေ ဖြစ်စေပါတယ်။

Concealer ရွေးချယ်ခြင်း

Concealer ကို ကိုယ့်အသားအရောင်နဲ့ ကိုက်ညီတာမျိုး၊ ကိုယ့် skin type နဲ့ အဆင်ပြေတာမျိုးကို သေချာရွေးချယ်ပါ။

အသားခြောက်တဲ့သူက matte type concealer ကို ရွေးချယ်မိရင် apply လုပ်ရတာခက်ပြီး ခြောက်ခြောက်သွေ့သွေ့နဲ့ တွန့်နေတဲ့ပုံစံမျိုးတွေ ဖြစ်စေပါတယ်။ ကိုယ့်အသားအရောင်နဲ့ မကိုက်ညီတာကို ရွေးမိရင်လည်း ပြာတာမျိုးတွေ ဖြစ်တတ်ပြီး မလှမပဖြစ်သွားတတ်ပါတယ်။

Concealer လိမ်းတဲ့အခါ

Concealer လိမ်းတဲ့အခါမှာ တစ်ခါထဲအများကြီးမသုံးပဲ နည်းနည်းချင်းစီ ပါးပါးလေးပဲ အရင်လိမ်းပါ။ လိုမှ ထပ်လိမ်းပါ။ လိမ်းတဲ့အခါ လက်နဲ့ပွတ်ဆွဲပြီးလိမ်းတာမျိုး မလုပ်ပါနဲ့။

Beauty blender or makeup sponge နဲ့ လိမ်းတာမျိုး လုပ်ပြီးတော့ brush နဲ့ သေချာ blend တာမျိုး လုပ်ပေးပါ။ ဒါဆိုရင် သိပ်သိပ်ညက်ညက်လေးဖြစ်ပြီး crease-free look ရစေပါတယ်။

Powder လိမ်းပါ

Concealer လိမ်းပြီးရင် ဒီတိုင်းမထားပဲနဲ့ setting powder ကို brush နဲ့ပဲဖြစ်ဖြစ် makeup sponge နဲ့ပဲဖြစ်ဖြစ် ယူပြီးတော့ လိမ်းပေးပါ။ ပွတ်လိမ်းတာမျိုးမလုပ်ပဲ ဖွဖွလေးဖိဖိပြီး လိမ်းပေးပါ။

Setting Spray

နောက်ဆုံးမှာတော့ setting spray ဖြန်းလိုက်ပါ။ ဒါဆိုရင်တော့ concealer လိမ်းထားတာက တွန့်တာမျိုး cakey ဖြစ်တာမျိုးမရှိပဲ သိပ်သိပ်ညက်ညက်လေးဖြစ်ပြီး crease-free look လေးနဲ့ လှသွားပါလိမ့်မယ်။