အခုမှမိတ်ကပ်စလိမ်းမယ့် beginners တွေအတွက် မိတ်ကပ်ကို step by step ဘယ်လိုပြင်ဆင် လိမ်းခြယ်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Toner လိမ်းပေးပါ။ ပြီးရင် Serum လိမ်းပါ။ ပြီးရင် Serum လိမ်း၊ Lightweight ဖြစ်တဲ့ Moisturizer လိမ်းပါ။ ပြီးရင်တော့ Sunscreen လိမ်းပါ။

Foundation ကို flat brush နဲ့ယူပြီး လိမ်းပေးပါ။ ဒါမှမိတ်ကပ်သားညီပြီး ပိုလှမှာပါ။

Concealer နဲ့ အမဲစက်၊ ဝက်ခြံတွေကို ဖုံးပါမယ်။ မျက်ကွင်းညိုရင်လည်း ဖုံးပေးပါ။

မိတ်ကပ်သားရွေ့တာ၊ ကွက်တာမျိုးမဖြစ်စေဖို့ powder လိမ်းပေးပါ။ Powder လိမ်းရင် ဖုန်ဖုန်ကြီးနဲ့ ဖြူဖွေးသွားတာမျိုးမဖြစ်အောင် brush နဲ့ယူပြီးလိမ်းပေးပါ။

ရိုးရိုးရှင်းရှင်းလေးဖြစ်အောင် eyeshadow ကို အသားရောင်လေးပဲ မျက်ခွံမှာခြယ်ပါမယ်။

ပြီးတာနဲ့ eyeliner ပါးပါးလေးဆွဲပြီး wings လေးထွက်အောင်ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပေးပါ။

ပါးနီကို ပန်းရောင်နုနုလေးခြယ်ပါမယ်။ အရမ်းကြီးထင်းနေအောင် မခြယ်ပါဘူး။

နောက်ဆုံးမှာတော့ နှုတ်ခမ်းနီဆိုးပါမယ်။

ဒါဆိုရင်တော့ အခုမှမိတ်ကပ်စလိမ်းမယ့် Beginners တွေအတွက် မိတ်ကပ် Step by Step ပြင်ပြီးသွားပြီပဲဖြစ်ပါတယ်။ ရိုးရှင်းပြီးလှတဲ့ မိတ်ကပ် Look ဖြစ်ပါတယ်။