မင်္ဂလာပါနော်။ ပိန်ပိန်သွယ်သွယ်လေးနဲ့ အရပ်မြင့်တယ်လို့ထင်ရဖို့ အဝတ်စားကို ဘယ်လိုရွေးချယ်ဝတ်ဆင်မလဲဆိုတာ မျှဝေပေးမယ်နော်။

ပိန်အောင် သွယ်အောင် အရပ်ရှည်အောင် အမြဲဝတ်ရမယ် ဒါကအရေးကြီးတယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ အရပ်ရှည်တယ်လို့ထင်ရအောင် သွယ်တယ်လို့ထင်ရအောင် ဝတ်ပုံဝတ်နည်းကို အကြံပြုပြောပြချင်တာပါ။

ဒေါက်ဖိနပ်ဝတ်ပါ

သင့်ကို အရပ်ရှည်တယ်လို့ ထင်ရဖို့အတွက် ဒေါက်ဖိနပ်ကအကောင်းဆုံးပါပဲ။ ဒါပေမယ့် အရောင်တောက်တောက်တွေ အရမ်းကြပ်တာတွေ ထိပ်အရမ်းချွန်ပြီးကြပ်နေတာတွေတော့ ရှောင်ရပါမယ်။ သင်ဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့ သိပ်မကွဲတဲ့အရောင်ကို ရွေးချယ်ပါ။

နွေရာသီဆို ပူတဲ့အတွက် အရောင်နုနုတွေပဲ ဝတ်ဆင်သင့်ပါတယ်။ အရောင်နုနုဖိနပ်က ဘယ်အင်္ကျီ အရောင်နဲ့ မဆိုအဆင်ပြေပါတယ်။ သင့်ကိုလည်း အရပ်ပိုရှည်စေတယ်လို့ ထင်ရပြီး ပိန်သွယ်စေတယ်လို့ ထင်ရစေမှာဖြစ်ပါတယ်။ ဒေါက်ဖိနပ်အမြင့်က ၂ လက်မကနေ ၄ လက်မလောက်သာရှိတဲ့ ဒေါက်ကိုရွေးပါ။ အရမ်းမြင့်ရင် လမ်းလျှောက်ရတာ သက်သောင့်သက်သာမရှိမှာစိုးလို့ပါနော်။

ခါးပတ်ပတ်ပါ

ခါးသေးစေတယ်လို့ထင်ရဖို့ ဂါင်ဝန်အရှည်ဝတ်တဲ့အခါမှာ ခါးပတ်ကြီးကြီး ကြပ်ကြပ်ကို ပတ်ပေးပါ။ ဖက်ရှင်လည်းကျစေမှာဖြစ်ပါတယ်။

ကော်လံပါတဲ့ အင်္ကျီဝတ်ပါ

အရောင်ပါတဲ့ ကော်လံပါတဲ့ အင်္ကျီကို ဝတ်ဆင်ပါ။ ဒါဟာ သင့်ကို အရပ်မြင့်စေပြီး ပိန်သွယ်စေတယ်လို့ ထင်ရပါတယ်။

အရောင်ရွေးချယ်မှုကို ဂရုစိုက်ရမှာဖြစ်ပါတယ်။အနက်ရောင်က ပိန်သွယ်စေပေမယ့်လည်း အမြဲတမ်း ခဏခဏဝတ်ရင့် ငြီးငွေ့စရာကောင်းပြီး သင့်ကို အသက်ကြီးစေပါတယ်။ အရောင်ရင့်ရင့် အဝတ်အစားတွေကလည်း အနက်ရောင်လိုပဲ သင့်ကို ပိန်သွယ်စေပါတယ်။ ကော်လံကို မှ ကော်လံ ဖားဖား ပါတဲ့ အင်္ကျီကို ရွေးချယ်ပါ။

အင်္ကျီတွေမှာ ဒေါင့်တွေထည့်ပါ။

အင်္ကျီ နဲ့ ဘောင်းဘီ တွဲလျက် (သို့) ဂါဝန်နဲ့ တွဲလျက်တွေ ကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါ့အပြင် အဖြူရောင်ဆိုရင် ဘေးတစ်ဖက်တစ်ချက်ဆီမှာ အနက်ရောင် (သို့) တခြားအရောင်တွဲပြီး ချုပ်ထားတဲ့ အင်္ကျီတွေစတဲ့ နှစ်ရောင်တွဲ အင်္ကျီတွ ရွေးချယ်ဝတ်ဆင်ပါ။ ဒါ့အပြင် ခါးနားမှာ တခြားအရောင်ဖောက်ထားတဲ့ အကျီတွ၊ အစင်းကြောင်းပါတဲ့ အင်္ကျီတွေ ဝတ်ဆင်ပါ။

အချိုးအစား လှပအောင်ဝတ်ပါ။

အတွင်းခံက အရေးကြီးပါတယ်။ အတွင်းခံမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေမယ့် အတွင်းခံဝတ်ဆင်ပါ။ ဖက်ရှင်ကျတဲ့ ရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။