အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ် အလေးထားတယ်။ မထားဘူး။ ကိုယ့်ကို တန်ဖိုးထားတယ်။ မထားဘူးဆိုတာနဲ့ပတ်သက်ပြီး သိချင်ရင်တော့ သိပ်မခက်ပါဘူးနော်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အပြုအမူကနေတဆင့် သိနိုင်တဲ့အတွက်ကြောင့်ပဲ့ဖြစ်ပါတယ်။

လူရဲ့စိတ်ဆိုတာ အလွှာအမျိုးမျိုးခြုံထားတာမို့ အချိန်ခဏလေး တွဲကြည့်ပြီး အပေါ်ယံကကြည့်ရုံ၊ အပေါ်ယံလေးကချစ်ပြရုံနဲ့တော့ သူက ကိုယ့်ကို တကယ်ချစ်တယ် မချစ်ဘူး၊အလေးထားတယ် မထားဘူးဆိုတာ မသိနိုင်ပါဘူး။ ဒါပေမဲ့ ဟန်ဆောင်ရင်တောင် အမြဲတမ်းဟန်ဆောင်လို့မရနိုင်တဲ့ ချစ်သူရဲ့ အပြုအမူတချို့ကို ပြောပြပေးလိုက်ပါတယ်နော်။

သင့်ရဲ့ရည်မှန်းချက်ကို အားပေးပံ့ပိုးလေ့ရှိတဲ့သူ

သင်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အနီးဆုံးနေရာက အားပေးတတ်တဲ့ ချစ်သူ။ သင့်ကို အမြဲတမ်းပံ့ပိုးပေးနေတဲ့ချစ်သူက သင့်ကို တန်ဖိုးထားလို့ဆိုတာ ငြင်းစရာလိုမယ်မထင်ပါဘူးနော်။

သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာတွေကို အမြဲမငြီးမငြူနားထောင်ပေးလေ့ရှိသူ

သင့်ကို တန်ဖိုးထားတဲ့ ချစ်သူက သင့်ရဲ့ အခက်အခဲပြဿနာတွေကို နားထောင်ပေးသလို ကူညီပေးရှင်းပေးပါတယ်။

သင့်ရဲ့အကြောင်းကိုလည်း သူ့အသိုင်းအဝိုင်းကို ပြောပြဖို့ဝန်မလေးတဲ့သူ

သင်ဘာဖြစ်နေနေပါ။ သင့်ကို သူဘယ်လောက်တန်ဖိုးထားကြောင်း ဘယ်လောက်ချစ်တဲ့အကြောင်း သင့်ရဲ့အကြောင်းကို သူ့ရဲ့ မိတ်ဆွေ၊ မိသားစု၊ အသိုင်းအဝိုင်းကို ပြောပြဖို့ဝန်လေးမှာမဟုတ်ပါဘူး။

သင့်ရဲ့ အိမ်မှုကိစ္စတွေကို ကူလုပ်ပေးတတ်တဲ့သူ

သင်အဝတ်လျှော်နေတာဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေးလုပ်နေတာပဲဖြစ်ဖြစ် တစ်ယောက်တည်းကို ပင်ပင်ပန်းပန်းလုပ်ခိုင်းရက်မှာမဟုတ်ပါဘူး။ အနားမှာအတူရှိပြီး ကူလုပ်ပေးတဲ့ ချစ်သူလိုမျိုး နောက်တစ်ယောက်ထပ်ရှာတွေ့နိုင်မယ်မထင်ပါဘူးနော်။

သင်အားငယ်ဝမ်းနည်းတဲ့အချိန်တွေမှာ သင့်ကို ဂရုတစိုက်ထွေးပွေ့ထားပေးတတ်သူ

ကြင်နာနွေးထွေးတဲ့ ချစ်သူရဲ့ပွေ့ဖက်မှုက သင့်ကို ကြည်နူးစေတာ တကယ်ပါပဲနော်။ နှစ်ယောက်တည်းအတူရှိနေချိန် နဖူးကို ခပ်ဖွဖွနှမ်းတာ၊ ခပ်ဖွဖွလေး ပွေ့ဖက်ပေးတာက သင့်ကို သူ သိပ်ချစ်တယ်ဆိုတာကို ပြသနေတာပါပဲ။

သင့်မှာရော ဒီလိုချစ်တတ်တဲ့ချစ်သူရှိပြီလားနော်။

Source: Brightside