၇၀ ခုနှစ်အစောပိုင်းကတည်းက ဂျင်းဖက်ရှင်က ခေတ်စားလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ စတိုင်အသစ်တွေ၊ ဒီဇိုင်းအသစ်တွေကလည်း တဖြည်းဖြည်းနဲ့ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာပါတယ်။ ဝတ်ပုံစားပုံတွေကလည်း အမျိုးမျိုးပြောင်းလဲလာတာနဲ့အမျှ ဂျင်းဖက်ရှင်ကို ဘယ်တော့မှ ဒိတ်အောက်မသွားဘဲ စတိုင်မိမိဝတ်စားဆင်ယင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ဂျင်းဘောင်းဘီ

ဂျင်းနဲ့ပတ်သက်လာရင် အခြေခံအကျဆုံးနဲ့ လူအများအဝတ်ဆင်ဆုံး ပုံစံတစ်မျိုးဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းစုံ ခါးတိုအင်္ကျီလေးတွေ၊ အင်္ကျီအပွတွေ၊ ခါးရှည်အင်္ကျီတွေနဲ့ စိတ်တိုင်းကျ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အလွယ်တကူဝတ်ဆင်နိုင်ပြီး လူတိုင်းနဲ့လည်း လိုက်ဖက်ညီတဲ့အသွင်တစ်မျိုးပါ။

၂။ ဂျင်းစကပ်

အထူးသဖြင့် နွေရာသီအတွက် အထူးသင့်တော်တဲ့ ဂျင်းစကပ်တွေကို တီရှပ်ရိုးရိုး၊ ဖိနပ်အပါးတို့နဲ့ အတွဲညီညီ ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်သလို ဝတ်ဆင်ထားတဲ့အချိန်မှာလည်း အလွန်ကိုလွတ်လပ်ပေါ့ပါးနေမှာပါ။

၃။ ဂျင်းရှပ်အင်္ကျီများ

ယနေ့အချိန်မှာ လူကြိုက်များနေတဲ့ ဂျင်းရှပ်အင်္ကျီလေးတွေကို အသားကပ်ဘောင်းဘီအနက်ရောင်နဲ့ ရိုးရိုးလေးတွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ နေရာတိုင်းကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လက်ရှည်တွေဖြစ်တဲ့အတွက် နွေရာသီမှာဆိုရင် အသားနေလောင်မှာကိုကြောက်တဲ့ မိန်းကလေးတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။

၄။ ဂျင်းဘောင်းဘီတိုတွေ

လွတ်လွတ်လပ်လပ်ရှိတဲ့အတွက်ကြောင့် မိန်းကလေးတိုင်းဟာ ဘောင်းဘီတိုလေးတွေ ဝတ်ရတာကို သဘောကျကြပါတယ်။ နွေရာသီအချိန်တွေမှာဆိုရင် အလွန်ပေါ့ပေါ့ပါးပါးရှိပြီး တီရှပ်လေးနဲ့ပဲဖြစ်ဖြစ် လွယ်ကူစွာ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

၅။ ဂျင်းဂါဝန်လေးတွေ

ဂျင်းသားနဲ့လုပ်ထားတဲ့ ဂါဝန်လေးတွေက ဘယ်တော့မှ ဒိတ်အောက်သွားတယ်မရှိပါဘူး။ နေ့လည်စာဒိတ်ဖြစ်စေ၊ ပါတီပွဲဖြစ်စေ၊ မိသားစုနဲ့ညစာစားတဲ့အချိန်ဖြစ်စေ၊ သူငယ်ချင်းများနဲ့ တွေ့ဆုံတဲ့အခါဖြစ်စေ အချိန်နေရာမရွေး အမြဲလှပနေစေမှာပါ။

၆။ ဂျင်းဝမ်းဆက်ဖက်ရှင်

ဂျင်းဖက်ရှင်ကို အပေါ်အောက်ဝမ်းဆက်ဝတ်ခြင်းက ယနေ့အချိန်မှာ အလွန်ပေါ်ပြူလာဖြစ်နေပါတယ်။ ဥပမာအားဖြင့် အနည်းငယ်မှိန်နေသော အပြာနုရောင်ဂျင်းရှပ်အင်္ကျီကို နက်ပြာရင့်ရောင် ဂျင်းဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံသွားပါပြီ။

၇။ ဂျာကင်အင်္ကျီအနေနဲ့

Source: Dress Trends 2018

နွေရာသီမှာ နေလောင်ခြင်းမှ ကာကွယ်ပေးပြီး အောက်ခံကြိုးတစ်ချောင်းဝတ်ပြီး ရင်ဘတ်ဟထားမယ်ဆိုရင်လည်း စတိုင်မိုက်မိုက်နဲ့ အပြတ်လန်းနေစေမှာပါ။ ဆောင်းရာသီမှာလည်း ဆွယ်တာ သို့မဟုတ် တီရှပ်ကို အတွင်းမှဝတ်ပြီး အပေါ်မှ ဂျင်းဂျာကင်ထပ်လိုက်ရင်တော့ ရာသီမရွေး ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်မှာပါ။

Photo Source: Pinterest