Makeup လိမ်းတဲ့အခါမှာ Cakey ဖြစ်နေရင် Foundation တွေပဲအုံခဲနေသလို၊ အသားအရေကပဲ ဗြုတ်တွေထနေသလိုမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ဖို့အတွက် Makeup လိမ်းထားရင် လှပနေဖို့အတွက် Makeup လိမ်းတဲ့အခါမှာ Cakey မဖြစ်အောင် ကြိုတင်ကာကွယ်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။

Foundation Shade မှန်အောင်ရွေးပါ

ကိုယ်အသားအရောင်နဲ့ ကိုက်ညီတဲ့ Foundation Shade မှန်အောင် ရွေးချယ်ဖို့ လိုပါတယ်။ ကိုယ့် Skin Tone ထက်ညိုနေတာကို ရွေးမိရင်လည်း အထပ်ထပ်လိမ်းမိတဲ့အခါ Cakey ဖြစ်သွားမှာပါ။ အရမ်းဖြူနေပြန်တော့လည်း အဆင်မပြေပါဘူး။

Skin Type နဲ့သင့်တော်တာရွေးပါ

Foundation ဝယ်တဲ့အခါမှာ ကိုယ့် Skin Type နဲ့ သင့်တော်တာကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။ အဆီပြန်တဲ့သူဆို Matte Type Foundation သုံးရပါမယ်။ အသားခြောက်တဲ့သူဆို Hydration ဖြစ်တဲ့ Foundation ကို ရွေးရပါမယ်။ အသားခြောက်တဲ့သူက Matte Type ရွေးမိရင် လိမ်းတဲ့အခါ Cakey ဖြစ်သလို အဆီပြန်တဲ့သူကလည်း Serum Foundation တွေရွေးမိတဲ့အခါ လိမ်းရင် Cakey ဖြစ်လွယ်ပါတယ်။

Scrub လုပ်ပါ

မျက်နှာကို တစ်ပတ်တစ်ကြိမ် Exfoliating (သို့) Scrub လုပ်ပေးပါ။ ဒါမှ Dead Cells တွေဖယ်ရှားပေးပြီး မျက်နှာအသားအရေ ချောမွေ့လာမယ်၊ Makeup လိမ်းရတာလည်း ပိုကောင်းလာပါမယ်။

Moisturizer လိမ်းပါ

Foundation မလိမ်းခင် Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။ အသားအရေက ခြောက်သွေ့နေရင် ဘယ်လောက်ကောင်းတဲ့ Foundation သုံးသုံးအဆင်မပြေပါဘူး။ Makeup တွေပြင်လေ Cakey ဖြစ်တာ ပိုပေါ်လွင်လေ ဖြစ်လာမှာပါ။

Primer လိမ်းပါ

Makeup ပြင်တော့မယ်ဆိုရင် Primer က အရေးကြီးပါတယ်။ သူက ချွေးပေါက်တွေနဲ့ Fine Lines တွေကို ဖုံးပေးပြီး Makeup Foundation လိမ်းတဲ့အခါမှာ ချောမွေ့စေပါတယ်။ ဒီတော့ Cakey မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်တာပေါ့။

Foundation ကိုလက်နဲ့မလိမ်းပါနဲ့

Foundation ကို လက်နဲ့ပွတ်ဆွဲပြီး လိမ်းတဲ့အခါမှာ မညီမညာနဲ့ ကွက်တာတွေ၊ Makeup ရွေ့တာတွေ ဖြစ်လွယ်ပါမယ်။ Makeup သားညှက်ညှက်လေးမဖြစ်တော့ပဲ Cakey ဖြစ်နေမှာပါ။ ဒါကြောင့် Makeup Brush, Makeup Sponge စတာတွေနဲ့ လိမ်းပေးပါ။

Power သုံးပါ

နောက်ဆုံးမှာတော့ ကိုယ်လိမ်းထားတဲ့ Makeup ကို ရွေ့တာ၊ ကွက်တာမျိုးမဖြစ်အောင် Set လုပ်လိုက်တဲ့အနေနဲ့ Power လိမ်းပါမယ်။ Powder လိမ်းတဲ့အခါမှာလည်း အများကြီးယူပြီးပွတ်တာမျိုးမလုပ်ပဲ နည်းနည်းပဲယူပြီး ဖွဖွလေးလိမ်းပေးပါ။