နှုတ်ခမ်းသား ဖူးဖူးပြည့်ပြည့်လေးဖြစ်တာကို အမျိုးသမီးတိုင်းနှစ်သက်ကြပါတယ်။ သင့်ကို လှပစေရုံသာမက ယုံကြည်မှုလည်းရှိစေပါတယ်။ အိစက်ညက်ညောတဲ့ နှုတ်ခမ်းသားနဲ့ ဖူးဖူးပြည့်ပြည့်ရှိတဲ့ နှုတ်ခမ်းသားကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

နှုတ်ခမ်းကို ဂျီးချွတ်ပါ

နှုတ်ခမ်းသားခြောက်နေတာမျိုး မဖြစ်အောင် နှုတ်ခမ်းသားကို ဂျီးချွတ်ပေးသင့်ပါတယ်။ ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပြီး နှုတ်ခမ်းသားကို နူးညံ့စေမှာပါ။ အဲဒီအတွက် သကြားနဲ့ သံပုယိုသီးကို နည်းနည်းဆီရောပြီး နှုတ်ခမ်းပေါ် ၅ မိနစ်လောက် ပွတ်ပေးလိုက်ပါ။ ပြီးရင် ရေဆေးပေးလိုက်ပြီး နှုတ်ခမ်းနီ အဆီတစ်မျိုးမျိုး ဆိုးပေးကာ ညအိပ်ယာဝင်ပါ။

အညိုရောင် နှုတ်ခမ်းဖော်တံကိုသုံးပါ

နှုတ်ခမ်းသား အိစက်ညက်ညောပြီး ဖူးဖူးပြည့်ပြည့်လေးဖြစ်စေဖို့

နှုတ်ခမ်းထောင့်နားကို အညိုရောင် နှုတ်ခမ်းဖော်တဲ့ နှုတ်ခမ်းနီနဲ့ ဆိုးပေးမယ်ဆိုရင် နှုတ်ခမ်းကို ပိုထူသလို ထင်ရစေမှာဖြစ်ပါတယ်။

နှုတ်ခမ်းနီကို ဂရုတစိုက်ဆိုးပါ

နှုတ်ခမ်းသားကို ပိုပြီး ဖူးဖူးလေးဖြစ်စေဖို့ နှုတ်ခမ်းနီကို သေချာဆိုးပါ။ နှုတ်ခမ်းကို ခပ်ပါးပါးလေး ပုံဖော်ပြီး ဆိုးပေးသင့်ပါတယ်။

အထဲကအရောင်နုနုနဲ့ အပြင်ဖက်က အရောင်ရင့်ရင့်ဆိုးပါ

ခေတ်စားတဲ့ နှုတ်ခမ်းနီ ဆိုးနည်းထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်နော်။