ခဏခဏ ဝမ်းနည်းတတ်တဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အမြဲတမ်း ဝမ်းနည်းသလို ခံစားနေရတဲ့သူတွေ၊ စိတ်ပျော့တဲ့သူတွေအတွက် အချိန်တိုင်းမှာ ဝမ်းနည်းနေတာမျိုးမဖြစ်အောင် နေထိုင်နိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အပြင်သွားပါ

သွက်သွက်လတ်လတ်နဲ့ တက်ကြွလန်းဆန်းနေအောင် အပြင်လျှောက်သွားပါ။ သူငယ်ချင်းတွေနဲ့လည်း တွေ့ပါ။ လျှောက်စားသောက်ပြီး ပျော်ပျော်ပါးပါးနေပါ။

ချစ်တဲ့သူတွေနဲ့အချိန်ကုန်ပါ

ကိုယ်ချစ်တဲ့သူတွေနဲ့နေရရင် လူတိုင်းက ပျော်တာပါပဲ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးပါ။ ကိုယ့်ကိုမလိုအပ်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။

အိမ်မွေးတိရိစ္ဆာန်မွေးပါ

ကိုယ်ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးပါ။ စိတ်ပျော်ရွှင်ကြည်နူးရသလို အပျင်းလည်းပြေပါတယ်။

စာအုပ်ဖတ်ပါ

စာအုပ်ဖတ်တာက ဝမ်းနည်းမှုတွေ၊ အထီးကျန်မှုတွေကို ပျောက်အောင်လုပ်ပေးနိုင်ပြီး ကိုယ့်အတွက်လည်း အဖက်ဖက်ကနေ အကျိုးရှိတဲ့အရာ ဖြစ်ပါတယ်။

အိမ်အလုပ်လုပ်ပါ

ဝမ်းနည်းသလို ခံစားနေရရင် အားနေတွေးတောပြီး ပိုဝမ်းနည်းနေရမှာပါ။ ဒါကြောင့် အိမ်အလုပ်တွေလုပ်ရင် စိတ်သက်သာရာရစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ရင် စိတ်အခြေအနေ ပိုဆိုးပါတယ်။ ဒါကြောင့် အမြဲတမ်း အိပ်ရေးဝအောင်အိပ်ပါ။ ဝမ်းနည်းနေတဲ့အချိန် ဘာမှလုပ်ချင်စိတ်မရှိရင်လည်း အိပ်နေပါ။

ဝါသနာပါတာလုပ်ပါ

ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်နေရရင် စိတ်ပျော်ရွှင်စေပါတယ်။ ဝမ်းနည်းစိတ်တွေလည်း လျော့ကျပြီး ပျောက်သွားစေပါတယ်။ ကိုယ်ဝါသနာပါတာကို ရှာဖွေပြီး လုပ်ကြည့်ပါ။

ရယ်မောပါ

များများရယ်မောဖို့လည်း မမေ့ပါနဲ့။ ရယ်စရာတွေ့ရင် အားရပါးရ ရယ်မောလိုက်ပါ။ ရယ်မောစရာရုပ်ရှင်တွေ၊ စာတွေကိုလည်း ဖတ်ပေးပါ။