မင်္ဂလာပါ… ပျိုမဒီတို့ရေ….တချို့သောလူတွေအတွက် နေထိုင်မှုဘဝစစ်မှန်ခြင်းဆိုတာက ဘဝလမ်းစဥ်တစ်ခုဖြစ်လို့ သတ်မှတ်ကြလေ့ရှိပါတယ်။ Authentic People တွေက မိမိကိုယ်ကို ခံယူချက်မြင့်မားပြီး ဘဝကိုအခြေခံယုံကြည်ချက်များနဲ့ တည်ဆောက်ပြီး တန်ဖိုးထားမှုတွေနဲ့အညီ နေထိုင်ကြလေ့ရှိပါတယ်။

ဒါကြောင့် နေထိုင်မှုကိုယ်ပိုင်ဘ၀မှာ ပိုပြီးစစ်မှန်လာအောင် ဘယ်လိုသင်ယူနိုင်မလဲ ? စစ်မှန်မှုရှိတဲ့ပုံစံဖြစ်စေဖို့အတွက် ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်နော်..

အရှိကိုအရှိတိုင်းလက်ခံနိုင်ခြင်း

Authentic People တွေရဲ့ ကောင်းတဲ့အချက်က သူတို့ဘယ်သူလဲဆိုတာ သူတို့သိတာပါ။ သူတို့ဟာ သူတို့မဟုတ်တဲ့သူတစ်ယောက်လို ဟန်ဆောင်ရမယ်၊ သူတို့ထက် ပိုကောင်းတဲ့ပုံပေါက်ဖို့ ဒါမှမဟုတ် ဘယ်သူ့အတွက်မဆို ပြောင်းလဲပစ်ရမယ် ဆိုတဲ့ ခံစားချက်မျိုး မထားတတ်ပါဘူး။ Authentic People တွေက သူတို့ရဲ့ ချို့ယွင်းချက်တွေနဲ့ မပြည့်စုံမှုတွေကို လက်ခံပြီး အတွင်းစိတ်ငြိမ်းချမ်းမှုကို ရှာဖွေနိုင်တဲ့အတွက် သူတို့ ကျေနပ်ပါတယ်။

အားသာချက် အားနည်းချက်တွေကို အသိအမှတ်ပြုခြင်း

သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် သတိရှိမှုနဲ့ ကိုယ့်ကိုယ်ကို စူးစမ်းလေ့လာမှုတွေကြောင့် Authentic People တွေဟာ သူတို့ရဲ့ အားသာချက်နဲ့ အားနည်းချက် နှစ်ခုလုံးကို လက်တွေ့ကျကျ နားလည်သဘောပေါက်ကြပါတယ်။ သူတို့ရဲ့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေကို အရှုံးလို့မသတ်မှတ်ဘဲ အဲဒါတွေကို တိုးတက်ကြီးထွားဖို့ အခွင့်အလမ်းတွေအဖြစ် သတ်မှတ်လေ့ရှိကြပါတယ်။

စွန့်စားလိုစိတ်ရှိခြင်း

ကိုယ်ပိုင်တန်ဖိုးနဲ့ ယုံကြည်ချက်ရှိကြပြီး အခြားသူများနဲ့ လုံးဝမတူတဲ့ Authentic People တွေဟာ ဘဝကို စွန့်စားဖို့ မကြောက်တတ်ကြပါဘူး။ ဘယ်သူကမှသဘောမတူရင် လူတိုင်းက သူတို့ကို ဆန့်ကျင်ရင်တောင်မှ သူတို့စိတ်ထဲရှိတာကိုပြောပြီး သူတို့မှန်တယ်ထင်တာကို လုပ်လေ့ရှိပါတယ်။

ခံစားချက်အပေါ်ရိုးသားခြင်း

ယခုခေတ် ခေတ်ကြီးမှာ ခံစားချက်တွေကို ပြသရင် ပျော့ညံ့တယ်လို့ သတ်မှတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ရင် နှိမ့်ချခံရတတ်ပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Authentic People တွေဟာ သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ အတွေးအမြင် ခံစားချက်ပေါ်မှာ ရိုးသားကြပြီး သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့မကြိုးစားကြဘူး။

နားလည်ရန် ကြိုးစားတတ်ခြင်း

ဘယ်သူ့ကိုမဆို အမြင်တစ်ခုတည်းနဲ့အကဲဖြတ် ဝေဖန်ဖို့ လွယ်ကူလွန်းပါတယ်။ ဒါပေမယ့် အဲဒီလို ဘဝကို ဖြတ်သန်းရတာ တကယ်တော့ အမှားတစ်ခုပါပဲ။ Authentic People တွေက ဘယ်သူ့ကိုမှ အကဲမဖြတ်ဖို့ ဘယ်တော့မှ မကြိုးစားကြဘူး။ ဒါကြောင့် တခြားလူတွေရဲ့ မတူကွဲပြားမှုတွေကို ကြည့်မယ့်အစား တူညီတဲ့အရာတွေကို မြင်အောင်ကြည့်ဖို့ ကြိုးစားပါ။ Authentic People တွေက တကယ်ကိုပွင့်လင်းပြီး သူတို့ရဲ့ အမြင်နဲ့ အမြင်တွေကို ပြောင်းလဲဖို့ မကြောက်ကြပါဘူး။