တချို့တွေက အတိတ်ကို မမေ့နိုင်ပဲ အတိတ်မှာပဲပိတ်မိနေကြတယ်။ ရုန်းမထွက်နိုင်ကြဘူး။ ဒီလိုအတိတ်တွေထဲမှာပဲ ပိတ်မိနေရင် လက်ရှိမှာ ဘယ်တော့မှ အပြည့်အဝပျော်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကို အတိတ်ကနေရုန်းထွက်နိုင်အောင် ကူညီပေးမယ့်နည်းလမ်းတွေကို ပြောပြပေး လိုက်ပါတယ်။

အတိတ်ကဖြစ်ခဲ့တာတွေကိုသင်ခန်းစာယူပါ

အတိတ်ကဖြစ်ခဲ့တာတွေကို မမေ့နိုင်ပဲ အတိတ်ရဲ့အရိပ်တွေထဲမှာပဲ တစ်ဝဲလည်လည်လုပ်နေရင် ဘယ်တော့မှ ပျော်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ပါ။

ကိုယ်လုပ်ခဲ့တဲ့အမှားတွေကိုခွင့်လွှတ်လိုက်ပါ

အတိတ်မှာလုပ်ခဲ့မိတဲ့အမှားတွေကို ပြန်တွေးပြီး နောင်တရပူလောင်နေမယ့်အစား ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ခွင့်လွှတ်လိုက်ပါ။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပေးလိုက်ပါ။ လူတိုင်းအမှားနဲ့မကင်းပါဘူး။ ရှေ့ဆက်ရမယ့်နေ့တွေမှာသာ ဒီလိုအမှားမျိုး ထပ်မဖြစ်ဖို့က အရေးကြီးပါတယ်။ နောက်ကို ပြန်လှည့်မကြည့်ပါနဲ့။

အတိတ်ကလိုထပ်မဖြစ်အောင်ပြင်ဆင်ပါ

အတိတ်မှာဖြစ်ခဲ့သလိုမျိုး ထပ်မဖြစ်ရအောင် အရာရာကိုပြင်ဆင်ပြီး အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေထိုင်ပါ။ အတိတ်ထဲကလည်း ရုန်မထွက်နိုင်၊ အတိတ်ကလိုပဲ ထပ်ဖြစ်အောင်လုပ်မနေဖို့က အရေးကြီးပါတယ်။

အတိတ်ကိုမေ့ပစ်လိုက်ပါ

အတိတ်ကဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ပြင်ဆင်ပြီးပြီ၊ ကိုယ့်အမှားတွေကိုလည်း ခွင့်လွှတ်ပေးနိုင်ပြီဆိုရင် အတိတ်ကို မေ့ပစ်လိုက်ပါတော့။ လုံးဝပြန်တွေးမနေပါနဲ့တော့။

လက်ရှိမှာအကောင်းဆုံးဖြစ်အောင်နေပါ

အတိတ်ကိုမေ့ပစ်လိုက်ပြီး လက်ရှိမှာ အကောင်းဆုံးဖြစ်အောင် နေထိုင်ပါ။ ပျော်စရာကောင်းတဲ့ အနာဂါတ်ကို တည်ဆောက်ပါ။ တစ်ဆင့်ချင်းစီသွားရင် အတိတ်ကနေ ကောင်းကောင်းရုန်းထွက်နိုင်ပြီး ပျော်ရွှင်လာရပါလိမ့်မယ်။

Photo Source: www.pinterest.com