ဆောင်းတွင်းရောက်လာရင် အသားခြောက်တာ သဘာဝပါပဲ။ ဒါပေမယ့် တချို့ကျတော့လည်း သေချာ Skin ကို Care လုပ်ပေးတဲ့အတွက် ဆောင်းတွင်းမှာတောင် အသားမခြောက်ပါဘူး။ ဒီလို ဆောင်းတွင်းမှာ အသားမခြောက်အောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

Toner လိမ်းပါ

မျက်နှာသစ် Cleansing လုပ်တာကတော့ အခုခေတ်မှာ Skincare လိမ်းတဲ့သူတိုင်း လုပ်ကြမှာပါ။ ဒီတော့ Toner Step ကနေပဲ စပြောလိုက်ပါတယ်နော်။ Toner သုံးတဲ့အခါ ကိုယ့်အသားအရေပေါ်မူတည်ပြီး သုံးပေးပါ။ Normal Skin, Dry Skin တွေက Hydration ကောင်းကောင်းပေးနိုင်တဲ့ Toner မျိုးကို မနက်၊ ည လိမ်းပေးရပါမယ်။

Moisturizer သေချာလိမ်းပါ

ဆောင်းတွင်းမှာ အရေးအကြီးဆုံးက Moisturizer ပါပဲ။ Moisturizer ကောင်းကောင်းမသုံးရင် အသားခြောက်မှာပါပဲ။ ဒီတော့ Oily Skin တွေက ကိုယ်သုံးနေကျ Moisturizer ကိုပဲ မနက်၊ ည သေချာလိမ်းပေးပါ။ Combination Skin ကတော့ T-zone အဆီပြန်တဲ့နေရာကလွဲပြီး ကျန်တဲ့နေရာကို Moisturizer ပိုပြီးများများလိမ်းပေးပါ။ Normal Skin နဲ့ Dry Skin ကတော့ Cream Type Moisturizer ကို မနက်၊ ည သေချာလိမ်းပေးရပါမယ်။ ဒါမှ အသားမခြောက်မှာပါ။

Serum ကိုညပိုင်းလိမ်းပါ

မိုးတွင်းနဲ့ နွေရာသီမှာ Serum ကို ထည့်မသုံးချင်လည်း ရပေမယ့် ဆောင်းတွင်းမှာဆိုရင်တော့ ထည့်သုံးပေးတာ ပိုကောင်းပါတယ်။ ဒါမှ အသားမခြောက်ပဲ အသားအရေစိုပြည်ပြီး Glow နိုင်မှာပါ။ Normal Skin နဲ့ Dry Skin ကလွဲလို့ ကျန်တဲ့ Skin တွေကတော့ ညပိုင်းပဲလိမ်းပါ။ Normal Skin နဲ့ Dry Skin ကတော့ မနက်၊ ည လိမ်းပေးရင် ပိုကောင်းပါတယ်။ တစ်ကြိမ်ပဲလိမ်းချင်တာဆိုရင်တော့ ညပိုင်းကိုသာ သေချာလိမ်းပေးပါ။

Sunscreen သေချာလိမ်းပါ

Sunscreen မလိမ်းတာကလည်း အသားအရေပျက်စီးပြီး အသားခြောက်ခြင်းကို ပိုဖြစ်လာစေပါတယ်။ ဒါကြောင့် Sunscreen ကိုလည်း သေချာလိမ်းပေးဖို့ လိုပါသေးတယ်။

အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ Body Lotion သုံးပါ

မျက်နှာအတွက်က အပေါ်မှာပြောခဲ့သလောက်ဆို လုံလောက်ပြီဖြစ်တဲ့အတွက် Body Skin ကိုလည်း အသားမခြောက်အောင် ထိန်းသိမ်းဖို့ ပြောပြပေးလိုက်ပါတယ်။ ဆောင်းတွင်းမှာ ပုံမှန်သုံးနေကျ Body Lotion မသုံးတော့ပဲ အစိုဓာတ် ကောင်းကောင်းပေးနိုင်တဲ့ Body Lotion တွေကို သုံးပေးပါ။ အစထဲက အသားခြောက်တတ်တဲ့သူဆိုရင် Body Butter သုံးတာမျိုး၊ Body Lotion ကို Body Oil နဲ့ရောလိမ်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဒါဆိုရင်တော့ ဆောင်းတွင်းလည်း အသားခြောက်မှာ စိတ်ပူစရာမလိုတော့ပါဘူး။