အားလပ်ရက်မှာ ချစ်သူနဲ့အတူတူအချိန်ကုန်ဆုံးရတာလောက် ပျော်ဖို့ကောင်းတာမရှိပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေနဲ့  ဆက်သွယ်ဖို့ကလည်း အရေးကြီးပါတယ်နော်။ သူငယ်ချင်းစုံတွဲတွေနဲ့ အတူတူဆုံကြတဲ့အခါ သူငယ်ချင်းတွေကြား ရင်းနှီးတဲ့နှောင်ကြိုးကိုလည်း ခိုင်မြဲစေပြီး တက်ကြွတဲ့လူမှုရေး ဘဝတစ်ခုကို ပိုင်ဆိုင်စေမှာပါ။ စုံတွဲတွေအတူတူဆုံကြတဲ့အခါ အမှတ်တရဖြစ်စေတဲ့ ဆုံတွေ့မှုဖြစ်ဖို့ ဘယ်လိုအချိန်ကုန်ဆုံးကြမလဲ?

Mini-Golf ကစားခြင်း

သူငယ်ချင်းတွေနဲ့ အပြိုင်အဆိုင်ကစားချင်တာဘဲဖြစ်ဖြစ်၊ အေးအေးဆေးဆေး လှုပ်ရှားမှုကို လုပ်ချင်နေတာပဲဖြစ်ဖြစ် Mini-Golf ကစားတာက ရင်ခုန်စရာကောင်းမှာ သေချာပါတယ်။

ပျော်ပွဲစားထွက်ခြင်း

သူငယ်ချင်းစုံတွဲတွေ အတူတူ ပန်းခြံမှာ ပျော်ပွဲစာထွက်တာ၊ ဟော့ပေါ့ ဒါမှမဟုတ် BBQ လုပ်စားကြတာမျိုး တွေက တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ခင်မင်မှုတိုးစေပါတယ်။

ဂိမ်းအတူဆော့ခြင်း

ညဘက်သူငယ်ချင်းတွေဆုံကြတဲ့အခါ အတူတူဂိမ်းဆော့တာရင်း ရယ်မောရတာက ပင်ပန်းနွမ်းနယ်မှုတွေအတွက် အကောင်းဆုံးဖြေဆေးတစ်ခုပါဘဲ။ Twister၊ Monopoly တို့လို အဖွဲ့လိုက် ဂိမ်းတွေ ဆော့ကြည့်ပါ။

ဓာတ်ပုံရိုက်ခြင်း

တစ်ယောက်နဲ့တစ်ယောက် ချစ်စရာဓာတ်ပုံလေးတွေ ရိုက်ပြီး နောက်နှစ်တွေမှာ အမှတ်ရနေစေဖို့ အမှတ်တရလေးတွေ ဖန်တီးလိုက်ပါ။ ကြိုတင်ပြင်ဆင်ပြီး အချိန်ပေး အစီအစဉ်ဆွဲဖို့မလိုတာကြောင့် အချိန်မရွေး လုပ်လို့ရပါတယ်။

တောင်တတ်ခြင်း

သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ကြတာ၊ တောင်တက်ရတာလောက် ပျော်ဖို့ကောင်းတာမရှိပါဘူးနော်။ သူငယ်ချင်းတွေနဲ့ တောင်တက်ပြီး စွန့်စားခန်းတစ်ခု လုပ်လိုက်ပါ။