အချိန်မရှိလို့ ကိုယ့်ကိုကိုယ်မပြင်ဆင်နိုင်ဘူး တစ်နေ့တစ်နေ့ အိမ်အလုပ်တွေနဲ့ ရုံးအလုပ်တွေနဲ့ပဲ အချိန်ကုန်နေလို့ ကိုယ့်ကိုကိုယ်လှအောင်မနေဖြစ်ဘူးဆိုပြီး ဆင်ခြင်တွေ ပေးနေပြီးလား ။ အချိန်တွေအများကြီး ပေးစရာမလိုပဲနဲ့  လှလည်းလှရမယ်၊ ယုံကြည်မှုလည်းရှိဖို့အတွက် အချိန်တိုလေးအတွင်းမှာ ဘယ်လိုပြင်ဆင်မလဲဆိုတာ နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်နော်။ အပြင်သွားဖို့အချိန်ကလည်း နီးလာပြီး အခုထိဘာမှမပြင်ဆင်ရသေးဘူးဆိုရင် ဒီအချက်တွေက အရမ်းကိုအသုံးဝင်စေမှာပါ။

မျက်ခုံးမွှေးဆွဲပါ


အချိန်တိုအတွင်းမှာ ကိုယ်မျက်နှာတစ်ခုလုံးရဲ့ အမြင်ကိုပြောင်းလဲစေနိုင်တဲ့ လျှို့ဝှက်ချက်က မျက်ခုံးမွှေးပဲဖြစ်ပါတယ်။ မျက်ခုံးမွှေးကိုလည်း မိတ်ကပ်ကအများကြီး မလိမ်းတဲ့အတွက် အထူကြီးတွေဆွဲစရာမလိုပါဘူးနော်။ ကိုယ့်ရဲ့ ဆံပင်အရောင်ထက် ဖျော့တဲ့မျက်ခုံးမွှေး ခဲတံအရောင်ကိုရွေးချယ်သင့်တယ်လို့ အကြံပေးလိုက်ချင်ပါတယ်။

ဆံပင်ကိုသပ်သပ်ရပ်ရပ် ပြင်ဆင်ပါ


ဆံပင်ကလည်းက အလှအပရဲ့ဒုတိယနေရာဆိုလည်း မမှားပါဘူး။ ဆံပင်ကို ရှုပ်ပွနေတာထက်စာရင် စည်းထားတာမျိုးဖြစ်ဖြစ်၊ ချထားတာမျိုးဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ဖရိုဖရဲဖြစ်နေတဲ့ဆံပင် ပုံစံကတစ်ဖက်သူအတွက်လည်း သူ့ရဲ့အမြင်ကိုတစ်မျိုးဖြစ်စေနိုင်ပါတယ်။ဆံပင်ကိုလည်းခေါင်းမလျှော်ဖြစ်သေးလို့ အဆီတွေထွက်နေလျှင်လည်း ကျစ်ဆံမြီးဒီဇိုင်းဆန်းဆန်းလေးတွေသာ လုပ်သွားလိုက်ပါနော်။

နှုတ်ခမ်းနီ အနီဆိုပါ

နှုတ်ခမ်းနီ အနီရောင်က တစ်လောကလုံးမှာ ကိုယ်သည်သာအလှဆုံးဆိုတဲ့ ခံစားချက်မျိုးကိုပေးနိုင်ပါတယ်။ မျက်လုံးအလှတွေမပြင်ဆင်ထားရင်တော့ နှုတ်ခမ်းနီ အနီရောင်သာဆိုးသွားလိုက်ပါနော်။ အနီရောင်နှုတ်ခမ်းနီက ညို့အားကောင်းပြီး ကိုယ့်အမြင်ကိုလည်း တစ်မျိူးပြောင်းစေနိုင်ပါတယ်နော်။

Photo Source – Free.pik