အခုနောက်ပိုင်းမှာ နှုတ်ခမ်းသားထူထူလေးတွေကို လိုချင်လို့ခွဲစိတ်မှုတွေလုပ်၊ Filter တွေထိုးနဲ့ တော်တော်များများလုပ်လာကြတာကို တွေ့ရပါတယ်။ အခုတစ်ခါမှာတော့ ပျိုမေတို့ရဲ့နှုတ်ခမ်းသားလေးတွေကို ဘာနဲ့မှပြုပြင်စရာလိုဘဲ ထူထူလေးဖြစ်နေတယ်လို့ ထင်ရစေမယ့်နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ လိုက်လုပ်ဖို့လည်းလွယ်ကူသလို ကုန်ကျစရိတ်လည်းမရှိဘဲ လှပစေမယ့်နည်းလမ်းလေးတွေပေါ့။

နှုတ်ခမ်းသားတွေချောမွေ့နေအောင်

Photo Source : Crest Award

ပျိုမေတို့ရဲ့နှုတ်ခမ်းတွေကို ထူထူလေးဖြစ်တယ်လို့ ထင်ရစေဖို့အတွက်ဆိုရင် နှုတ်ခမ်းသားလေးတွေ ချောမွေ့နေဖို့က အရေးကြီးဆုံးပါပဲ။ ဒါကြောင့် နှုတ်ခမ်းသားလေးတွေချောမွေ့နေအောင် နူးညံ့တဲ့သွားတိုက်တံနဲ့ နှုတ်ခမ်းသားတွေကို ပွတ်တိုက်ပေးဖို့တော့လိုပါတယ်။ နှုတ်ခမ်းမှာရှိနေတဲ့ နှုတ်ခမ်းခြောက်တဲ့ အသားမာတွေကိုလည်း ဖယ်ရှားပစ်လိုက်နိုင်တော့ နူးညံ့ချောမွေ့သွားမှာပေါ့။

Concealer

Photo Source : Pexels

Concealer သုံးပေးဖို့လည်းလိုပါတယ်။ နှုတ်ခမ်းနားတစ်ဝိုက်ကို Concealer သုံးပေးပြီးရင်တော့ နှုတ်ခမ်းကိုလိုသလိုပုံစံဖော်လို့ရပြီး နှုတ်ခမ်းသားထူထူလေးရဖို့အတွက်လည်း ပိုပြီးတော့လွယ်ကူသွားတာပေါ့။

နဂိုထက်ပိုကြီးပြီးဆွဲလိုက်ပါ

Photo Source : Busels

နှုတ်ခမ်းကို Lip Liner နဲ့ပုံဖော်တဲ့အခါမှာ နဂိုမူလနှုတ်ခမ်းထက်ပိုကြီးပြီး ဆွဲပေးမယ်ဆိုရင် နှုတ်ခမ်းနီဆိုးထားတဲ့သင့် နှုတ်ခမ်းတွေက ထူထူလေးနဲ့လှနေမှာပေါ့။ ညီညီညာညာဆိုးတတ်ဖို့တော့ လိုမယ်နော်။ နဂိုနှုတ်ခမ်းထက် ကြီးပြီးဆွဲရတော့ သေချာမဆွဲတတ်ရင် မညီမညာနဲ့ ပိုပြီးရုပ်ဆိုးသွားစေနိုင်ပါတယ်။

အရောင်ရင့်ရင်နှုတ်ခမ်းနီတွေကို ရှောင်ပါ

Photo Source : arza.ba

အရောင်ရင့်တဲ့နှုတ်ခမ်းနီတွေက ဒီတိုင်းဆိုးရင်တောင် သင့်နှုတ်ခမ်းကို ပါးသယောင်ဖြစ်စေတာကြောင့် အရောင်ရင့်တာမျိုးတွေကို ရှောင်စေချင်ပါတယ်။ အရောင်နုတဲ့နှုတ်ခမ်းနီမျိုးတွေကတော့ သင့်နှုတ်ခမ်းသားကို ပါးတာသိပ်မသိသာစေတော့ပါဘူး။

ဒီနည်းလမ်းတွေကတော့ သင့်ရဲ့နှုတ်ခမ်းလေးတွေကို ခွဲစိတ်ပြုပြင်စရာမလိုတော့မယ့် နည်းလမ်းလေးတွေဖြစ်တာကြောင့် အခုဆိုရင် ထူထူလေးနဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။